ကျွန်တော်တို့အစိုးရ တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက်လုံး သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရအနေနဲ့ ပြည်သူ လူထုရဲ့အကျိုးစီးပွားကို တတ်နိုင်သမျှ အကျိုးတူပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ ခွန်အားတွေနဲ့ ကျွန်တော်တို့ ရုန်းကန်ကြိုးစားဆောင်ရွက်ခဲ့တာ၊ သို့သော်လည်းပဲ ကျွန်တော်တို့အပေါ်မှာ အထင်မှားလား၊ အမြင်မှားလား၊ သံသယတွေနဲ့ ကျွန်တော်တို့ကိုလုပ်တိုင်း ကျွန်တော်တို့အပေါ်မှာ သက်သက်မဲ့ အပုပ်ချ၊ အဲ့ဒီအတွက် ကျွန်တော်တို့ရဲ့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ အများ ကြီး ရှိခဲ့တယ်။ သို့သော် အဲဒီအခက်အခဲတွေကြားထဲကပဲ အားလုံးမြင်တဲ့ အတိုင်းပဲ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးမှာ အားလုံးပူးပေါင်းဆောင်ရွက် ခဲ့တယ်။








