တမူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေနှင့် မြို့နယ် ဥက္ကဋ္ဌ ဦးမြင့်အောင်တို့သည် ဇူလိုင် ၂၃ ရက်က ထန်းတပင်ကျေးရွာ ၌ ကိုယ်ထူကိုယ်ထစာသင်ဆောင်အတွက် အမိုးမိုးရန် သွပ်ပြားဖိုး ငွေကျပ် ၁၅ဝဝဝဝ ကို သွားရောက်လှူဒါန်းစဉ်။
ကိုကိုရွှေ
တမူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေနှင့် မြို့နယ် ဥက္ကဋ္ဌ ဦးမြင့်အောင်တို့သည် ဇူလိုင် ၂၃ ရက်က ထန်းတပင်ကျေးရွာ ၌ ကိုယ်ထူကိုယ်ထစာသင်ဆောင်အတွက် အမိုးမိုးရန် သွပ်ပြားဖိုး ငွေကျပ် ၁၅ဝဝဝဝ ကို သွားရောက်လှူဒါန်းစဉ်။
ကိုကိုရွှေ
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင် ၂၄ နံနက်ပိုင်းက ပါတီဝင်မိသားစုများစုပေါင်း၍ ဆရာတော် ဦးဝဏ္ဏတ၊ ရတနာ ဓမ္မာရုံတိုက်ကျောင်းဆရာတော် ဦးဆောင်သည့်သံဃာတော်များ အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြစဉ်။
BHN
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များတွင် ဇူလိုင် ၂၅ ရက်က ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများကျင်းပခဲ့ရာ ပါတီသို့ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု ရွာရှည်ကျေးရွာမှ မောင်စည်သူအောင်နှင့် သာစည်မြို့နယ် ကုက္ကိုကန်ကျေးရွာအုပ်စု ထနောင်းကုန်း(တ)ကျေးရွာမှ မအေးအေးအောင်တို့၏ ရင်တွင်းစကားများကို ဖော်ပြအပ်ပါသည်။
မေး – ပြည်ခိုင်ဖြိုးပါတီကို ဝင်ရောက် ခြင်းနဲ့ပတ်သက်ပြီး ရှင်းပြပါ။
ရေဖြူ ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁)ကိုယနေ့ နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဗဟိုကော်မတီဝင်ဦးမောင်စိန်၊ တိုင်းဒေသကြီးအတွင်းရေးမှူးဦးနေမျိုး၊ တိုင်းဒေသကြီးကော်မတီဝင်များ၊ ရေဖြူမြို့နယ်ပါတီ ဥက္ကဋ္ဌဦးနိုင်ဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များနှင့်သင်တန်းသား ၃၄ဝ တက်ရောက်ကြကြောင်း သိရသည်။
ဗန်းမောက် ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဗန်းမောက်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်က ကျင်းပခဲ့သည်။
မန္တလေးခရိုင်၊အမရပူရမြို့နယ်လပတ်ပုံမှန်ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀နာရီမှ၁၂နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ပါဝင်သော ရှမ်းတိုင်းရင်းသားမဲစာရင်းကိစ္စ၊ ပါတီဝင်အင်အားများတိုးချဲ့စည်းရုံးရေးကိစ္စနှင့် လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများအပေါ်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးပြီးဆုံးချိန်တွင်မြို့နယ်ပါတီမှကြာဆံဟင်းခါးဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။
အစည်းအဝေးသို့ အမရပူရမြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မတီဥက္ကဋ္ဌများနှင့်ပါတီ ဝင်များအပါအဝင်စုစုပေါင်းအင်အား(၁၀၀)ဦးခန့်တက်
ရောက်ခဲ့ကြောင်းသိရသည်။
မန္တလေး ဇူလိုင် ၂၄
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီက တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ကျင်းပ သော မန္တလေးမြို့ပေါ်လေး မြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန် ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ သည်။
အဆိုပါအခမ်းအနားအား နိုင်ငံ တော်အလံကိုအလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင် က အဖွင့်အမှာစကားပြောကြားခဲ့ ပြီးနောက်
မန္တလေး ဇူလိုင် ၂၄
နေပြည်တော် ဇူလိုင် ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး Political and Economic Affairs Counselor Mr.William Flens အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်လာမည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ နိုင်ငံတကာရေးရာကော်မတီဌာနမှူး ဦးမြင့်ကိုကို တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးPolitical and Economic Affairs Counselor Mr.William Flens နှင့်အတူ အဖွဲ့ဝင်တစ်ဦး တက်ရောက်ကြောင်း သိရသည်။