ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလံတင် အခမ်းအနားကျင်းပခြင်း
ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလံတင်အခမ်းအနားကို (၉.၇.၂၀၁၈) ရက်နေ့ တွင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းကော်မတီဝင် ညောင်ဦးခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေး၊ညောင်ဦးခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေးပါတီ ဝင်များတက်ရောက်၍ ပြည်ခိုင်ဖြိုးပါတီ အလံတင်အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည် ။
စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားနှင့်နိုင်ငံရေးစကားဝိုင်း
၈.၇.၂၀၁၈ ရက်နေ စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တပ်ကြီးကျေးရွာ ရပ်ကျေးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သီဂီ င်္အောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံး ၊အတွင်းရေးမှူး ဦးထွန်းနိုင်နှင့်ကော်မတီဝင်များ ရပ်ကျေးပါတီအဖွဲ့ များနှင့်အတူ တက်ရောက်ခဲ့ပြီး မင်္ဂလာအချိန်မှာ ပါတီဆိုင်းဘုတ်တင်ခြင်း တက်ရောက်သူများနှင့်နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်း စုပေါင်း၍ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်တက်ရောက်
ရန်ကုန် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ နေပြည်တော်တွင် ကျင်းပခဲ့သည့် လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောက်ပန်းတောင်းမြို့နယ် သစ်တိန်းကျေးရွာအုပ်စု ပါတီဆိုင်းဘုတ် အသစ်တင်
ပါတီဆိုင်းဘုတ်အသစ်တင်အခမ်းအနားသို့ ညောင်ဦးခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေးနှင့် ခရိုင်ကော်မတီဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးနေလင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ နယ်မြေတာဝန်ခံ ဦးမှူး၊ သစ်တိန်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌနှင့်ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များနှင့်ဒေသခံပြည်သူများ တက်ရောက်ကြောင်း သိရှိရပါသည်။
Kyaw Minn Soe
ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံကာ လမ်းညွှန်အမှာစကားပြောကြား
ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဆိုင်းဘုတ်နှင့် အလံသစ်တင်ပွဲကျင်းပ
ဒက္ခိဏသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယနေ့နံနက် ၉ နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း ရပ်ကွက်၌ ပါတီဆိုင်းဘုတ်သစ် နှင့်ပါတီအလံသစ်လွှင့်တင်ပွဲအခမ်း အနားကျင်းပခဲ့ကြောင်း သိရသည်။
ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ
မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီကပြုလုပ် သည့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင် များနှင့်တွေ့ဆုံပွဲကို ဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦး အောင်ကြည်သိန်းတက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ပြီး ဗဟိုအလုပ်အမှုဆောင် ပြည်နယ် ပါတီဥက္ကဋ္ဌက မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာပါတီ ဥက္ကဋ္ဌများအား လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။
မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံထောက်ပံ့
မလှိုင် ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့်တွေ့ဆုံခြင်း ကျန်းမာရေးချို့တဲ့သော ပါတီဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ခြင်းများကို ယမန်နေ့ နံနက် ၈နာရီမှ စတင်၍ ညနေထိပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြိုးစေတနာနယ်လှည့်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်
ရန်ကုန် ဇူလိုင် ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ ဖြိုးစေတနာနယ် လှည့်အခမဲ့ ကျန်းမားရေးစောင့် ရှောက်မှုအဖွဲ့သည်တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များကို ကျန်းမာရေးစောင့်ရှောက် မှုများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဒေသခံပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက် မှုကို ယနေ့ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တောင်ဥက္ကလာပမြို့ နယ် ၁၄/၁ ရပ်ကွက် အရိယဓမ္မ ရုံတွင် ဆောင်ရွက်ပေးခဲ့သည်။



