နေပြည်တော် အောက်တိုဘာ ၁
နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာန ချုပ်ကွန်ပျူတာ သင်တန်းခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်းအမှတ် စဉ်(၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ခွဲတွင် ကျင်းပခဲ့သည်။
နေပြည်တော် အောက်တိုဘာ ၁
နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာန ချုပ်ကွန်ပျူတာ သင်တန်းခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်းအမှတ် စဉ်(၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ခွဲတွင် ကျင်းပခဲ့သည်။
ယနေ့ (1.10.18) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ လက်ပန်ချိုင့်ကျေးရွာ အုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ဆွေးနွေးခြင်းအခမ်းအနားအား နံနက် (9:00) အချိန် ရပ်ကျေးပါတီကော်မတီဝင် ဦးညိုမောင်နအိမ်တွင် ကျင်းပခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိဂီင်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ ရပ်ကျေးအဖွဲ့ များနှင့်ပါတီဝင်များ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ကြပြီး မင်္ဂလာအချိန်၌ ပါတီဆိုင်းဘုတ်တင်ခြင်းမင်္ဂလာနှင့် နိုင်ငံရေးစကားဝိုင်းအား ဆက်လက်ဆွေးနွေးခဲ့ပြီး စုပေါင်း၍ မှတ်တမ်းတင်ခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြင်ဦးလွင်မှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားအား (၁.၁၀.၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးတင့်လွင်ဦး၊ ဦးကျော်စန်း၊ ပြင်ဦးလွင်ခရိုင်ဥက္ကဋ္ဌ ဦးဝင်းကြည်၊ အတွင်းရေးမှူး ဒေါ်စပယ်ဝင်းနှင့် ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ်ဥက္ကဋ္ဌ ဦးလင်းဇော်မင်း၊ အတွင်းရေးမှူး ဦးညွန့်သောင်နှင့်ကော်မတီဝင်များ၊ သင်တန်းသား/သူများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပြီး တိုင်းပါတီကော်မတီဝင် ဦးတင့်လွင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့ 1.10.2018 ရက်နေ့တွင် ခရိုင်သင်တန်းကျောင်း
ဇမ္ဗူတလူခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ကော်မတီဝင်များ၊ ခရိုင်ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာဝန်ခံကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ၊ အတွင်းရေးမှူးနှင့် တာဝန်ခံကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ပါတီဥက္ကဌနှင့်အမျိုးသမီးအဖွဲ့ ဝင်များ စုစုပေါင်း 210 ကျော်တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံကိုအလေးပြု ခြင်း၊ အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းခြင်း၊ အမျိုးသမီးများအတွက် ပါတီခြုံပုဝါ 50 အား ခရိုင်ပါတီမှ ပေးအပ်လှူဒါန်းခြင်း၊ ရပ်ကွက်ကျေးရွာအမျိုးသမီးများမှာ စာတမ်း 4 စောင်အား ဖတ်ကြားခြင်း၊ တိုင်းပါတီအမျိုးသမီးညီလာခံသို့ တက်ရောက်မည့်သူများအား အတည်ပြု ခြင်း၊ မြို့နယ်ပါတီဥက္ကဌက ကျေးဇူးတင်စကားပြောကြားပြီး ပြည် ခိုင် ဖြိုး ဟေ့သီချင်းကို စုပေါင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီး ညီလာခံအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ် အမျိုးသမီးထု လှုပ်ရှားမှု အနေဖြင့် တိုင်းကော်မတီဝင် ဒေါ်မိုးမိုးအိ ခရိုင်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်အေးအေးမြင့် မြို့နယ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စုစုမင်းတို့ ဦးဆောင်၍ ခနောင်တိုအရှေ့ရပ်ကွက် အမျိုးသမီးပါတီဝင်များ ခနောင်တိုအနောက်ရပ်ကွက် အမျိုးသမီးပါတီဝင်များ သခင်ဘသောင်းရပ်ကွက် အမျိုးသမီး ပါတီဝင်များ စုစုပေါင်း အင်အား ၅၀ ခန့်ဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ခနောင်တိုအရှေ့ရပ်ကွက် သာသနရက္ခိတကျောင်းတိုက်ဝန်းအတွ စုပေါင်း၍ သန့်ရှင်းရေး များ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် လုပ်အားပေးအဖွဲ့များအား ကြာဇံကြော်ဖြင့် ဧည့်ခံခဲ့ကြောင်းလည်း သိရသည်။
WMO
ဖေါင်းပြင်၊ အာက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီရုံးခန်းမ၌ ယနေ့နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များနှင့် ဗဟိုအမျိုးသမီးရေးရာညီလာခံ ကြိုဆိုဂုဏ်ပြုပွဲအတွက် ညှိနှိုင်းဆွေးနွေးကြပါသည်။
ရှေ့ဦးစွာ ပါတီဥက္ကဌ ဦးနေဝင်းမှ ပါတီဌာန ဝင်ငွေထွက်ငွေများစာရင်း ရှင်းလင်းပါသည်။ ဆက်လက်၍ ဗဟိုအမျိုးသမီးရေးရာ ကြိုဆိုဂုဏ်ပြုပွဲအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် လုပ်ဆောင်ရမည့်ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းကြပါသည်။
ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များသည် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ကြပြီး အစည်းဝေးကို နေ့လည် (၁:၀၀) နာရီအချိန်တွင် တက်ရောက်လာကြသည့် မြို့နယ်ပါတီကော်မတီများအားလုံး သဘောတူလက်မှတ်ရေးထိုးကာ အစည်းဝေးကို အောင်မြင်စွာ ရပ်နားခဲ့ကြပါသည်။
မြင်းခြံ စက်တင်ဘာ ၃၀
မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံခရိုင်ပါတီရုံးခန်းမတွင် ရွေးကောက်ပွဲဥပဒေဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီး မန္တလေးတိုင်းပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူမှသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အမှာစကားပြေားကြားခဲ့ပြီးနောက် သင်တန်းအား တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်မှ ရွေးကောက်ပွဲဥပဒေဆိုင်ရာဥပဒေများ ဆက်လက်သင်ကြားခဲ့ပါသည်။ ယင်းအခမ်းအနားကို နံနက် (၉) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူ၊ ဦးမျိုးမြင့်နှင့်မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့်ရပ်ကွက်/ကျေးရွာများမှ စည်းရုံးရေးဥက္ကဌများနှင့် စည်းရုံးရေးအဖွဲ့ဝင် သင်တန်းသား ၁၉၀ ဦး တက်ရောက်ကြပါသည်။
၂၀၁၈၊ စက်တင်ဘာ ၃၀