
မိုးမောက်၊ အောက်တိုဘာ ၎

မိုးမောက်၊ အောက်တိုဘာ ၎

၂၀၁၈၊ အောက်တိုဘာလ ၄ ရက်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့် နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးလွင်မင်းသိန်း၊ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ အောက်တိုဘာ (၄) ရက်နေ့နံနက် (၀၉:၀၀) နာရီအချိန် ကြက်တက်ညောင်ပင်ကျေးရွာအုပ်စု ကြက်တက်ညောင်ပင်ကျေးရွာ ဦးထွန်းဇော်ဦး နေအိမ်၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။

ပြည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ် နယ်မြေ ( ၂ ) (ဇ) ရပ်ကွက် ရှမ်းတိုင်းရင်းသား အောင်နိုင်ရေးအတွက် ဆိုင်းဘုတ်တင်ပွဲအား အောက်တိုဘာ (၄) ရက်နေ့နံနက် ၉ နာရီချိန်တွင် ၆၂ လမ်း စံပြ လမ်းနှင့် မင်္ဂလာလမ်းကြားတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းပါတီကော်မတီဝင် ခရိုင်တွဲဘက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ ခရိုင်နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ညိမ်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ အတွင်းရေးမှူး ဦးအောင်မျိုး ခိုင်၊ ဦးစံရ(ဘဏ္ဍာရေးမှူး) နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌများ ကော်မတီဝင်များ စုစုပေါင်း အင်အား ၄၀ ဦးခန့် တက်ရောက်ဆောင်ရွက်ခဲ့ကြပါသည် ။

နေပြည်တော်၊ အောက်တိုဘာ ၎

၂၀၁၈ အောက်တိုဘာလ ၄ ရက်

ရန်ကုန်၊ အောက်တိုဘာ ၎
ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်န့နံနက် ၁၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး ကော်မတီဝင် များနှင့်တွေ့ဆုံ၍ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်များကို တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ သည်။
အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ကိုယ်စားလှယ်လောင်း များနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများက ပံ့ပိုးကူညီရမည့် လုပ်ငန်း စဉ်များကို မှာကြားခဲ့သည်။

အောက်တိုဘာ (၄)၊ မင်းဘူး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့ရှိ ဇာတ်ရုံခန်းမတွင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး မင်းဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက် (၈) နာရီ ၃၀ မိနစ်က ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အောက်တိုဘာ ၄၊ မင်းဘူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ချိန် တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျာင်းတော်ရာ စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် စေတီတော်မြတ်ကြီးအကျိုးတော်ဆောင်ချုပ်နှင့် ကျောင်းကြီးကျောင်းဆရာတော် အရှင်ဓမ္မစာရအား ဖူးမျှော်ကြည်ညိုပူဇော်၍ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
လွိုင်ကော် – အောက်တိုဘာ ၃
ယနေ့ ၃-၁၀-၂၀၁၈ ရက်နေ့ နေ့လည်(၁၁း၃၀)နာရီအချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ (ကယား ပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်ပါတီ တို့သည် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံပါ သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် သံတွဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။