မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးရှေ့၌ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
(၁၆.၁၀.၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးရှေ့၌ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ တိုင်းပါတီအတိုင်ပင်ခံများ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ပါတီအမာခံများ တက်ရောက်ခဲ့ကြပါသည်။
ဗဟိုအမျိုးသမီးညီလာခံကြိုဆိုစာတမ်းဖတ်ပွဲ ဒဂုံမြို့နယ်တွင်ကျင်းပ
ရန်ကုန် အောက်တိုဘာ ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဒဂုံမြို့နယ်၏ ဗဟိုအမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲကို မြို့နယ်ပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပ ခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကူညီဆောင်ရွက်
မိတ္ထီလာ အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မွေအုပ်စု အိုမတွေ့ကျေးရွာ သို့ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား မိတ္ထီလာမြို့မှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် များထုတ်ပေးရေး ကူညီဆောင်ရွက်ပေးခဲ့သည်။
အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ဘီးလင်းပြည်ခိုင်ဖြိုးပါတီ ကျင်းပ
ဘီးလင်း၊ အောက်တိုဘာ ၁၄
ဖားကန့်တွင် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်
ဖားကန့် အောက်တိုဘာ ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်းအမှတ်စဉ်(၄/၂ဝ၁၈)ဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ကျင်းပရာ သဘာပတိ ခရိုင်ပါတီကော်မတီ ဝင် နယ်မြေတာဝန်ခံ ဦးစိုင်းသိန်း ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူးဦးထွန်း မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်နှင့် ပို့ချပေးမည့် ဘာသာ ရပ်များကို ရှင်းလင်းပြောကြား သည်။
ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ဝါးခယ်မတွင်ကျင်းပ
ဝါးခယ်မ အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး ဝါး ခယ်မမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ ရှေး ဦးစွာ နိုင်ငံတော်အလံအား အလေး ပြုခြင်း၊နိုင်ငံတော်သီချင်းသီဆိုခြင်း များဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ဖြိုးစေတနာအခမဲ့ နယ်လှည့်အထွေထွေရောဂါဆေးကုသအဖွဲ့ ဓမ္မစာပန်းချီဘုန်းတော်ကြီးကျောင်းတွင် အခမဲ့ကုသမှုဆောင်ရွက်
ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ နယ် အမှတ်(၁၅)ရပ်ကွက် ဓမ္မစာပန်းချီ ဘုန်းတော်ကြီးကျောင်းတွင် ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှဦးဆောင်၍ဖြိုးစေတနာ(အခမဲ့)နယ်လှည့် အထွေထွေရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာ ရေးမှူးဦးကြည်စိုး ဦးဆောင်သော ခရိုင် ကော်မတီဝင်များ၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးလင်းအောင်နှင့် မြို့နယ်ကော်မတီ ဝင်များ၊အမှတ်(၁၅)ရပ်ကွက်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အထူးကုဆရာဝန်ကြီး များနှင့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်း ကျင်သူများပါဝင်သော ဆေးကုသရေး အဖွဲ့သည် ရွှေပြည်သာမြို့နယ် အမှတ် (၁၅)ရပ်ကွက် ဓမ္မစာပန်းချီဘုန်းတော်ကြီး ကျောင်းတွင် ကျေးရွာနေမိဘပြည်သူများ အား ယမန်နေ့နံနက် ၈ နာရီ ၄၅ မိနစ်မှ စတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။
ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က မီဒီယာလွတ်လပ်ခွင့် ပြည်သူတွေဆန္ဒထုတ်ဖော်ခွင့်ဘယ်လောက်ရှိခဲ့တယ် ခုဘယ်လောက်လွတ်လပ်ခွင့်ရှိနေတယ်ဆိုတာ ပြည်သူနှင့် မီဒီယာသမားများ အသိဆုံးဖြစ်ပါမယ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ ပြည်ခိုင်ဖြိုးပါတီရုံးသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ယခုလ ၁၂ ရက်ကရောက်ရှိလာစဉ် မီဒီယာအဖွဲ့များမှ တွေ့ဆုံပြီးမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ဆရာအမည်နဲ့ ရာထူးကို သိပါရစေ။
ဖြေ။ ကျွန်တော့်အမည်ကတော့ ဒေါက်တာနန္ဒာလှမြင့်ပါ။
ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဖြစ်ပါတယ်။
ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ ပါတီအောင်နိုင်ရေးညှိနှိုင်းဆွေးနွေး
ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေး သို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံဦးခင်ရီ၊ ပါတီ ဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပါတီဗဟိုကော် မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အထောက်အကူပြုအဖွဲ့များ တက် ရောက်ခဲ့ကြသည်။
