ပေါက်တော အောက်တိုဘာ ၂၈
ပေါက်တောမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက်၈နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ယင်းအခမ်းအနားသို့ပြည်နယ် ကော်မတီ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့ နယ်ကော်မတီများ၊ ရုံးဝန်ထမ်းများ နှင့်ရပ်/ကျေးအမျိုးသမီးရေးရာပါတီ ဝင်များ တက်ရောက်ခဲ့ပြီး အခမ်း အနားကိုသဘာပတိအဖွဲ့မှနေရာယူ ပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ် ခဲ့သည်။ ထို့နောက် ပြည်နယ် ကော်မတီကမိတ်ဆက်အမှာစကား ပြောကြားပြီးမြို့နယ်ပါတီဥက္ကဋ္ဌက နှီးနှောဖလှယ်ပွဲကျင်းပရသည့်ရည် ရွယ်ချက်အသေးစိတ်ကို ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြ သော ရပ်/ကျေးအမျိုးသမီးကိုယ် စားလှယ်များမှအစုအဖွဲ့လေးဖွဲ့ဖြင့် စာတမ်းများပြုစုခဲ့သည်။

