အုတ်တွင်း၊ အောက်တိုဘာ ၃ဝ
အုတ်တွင်း၊ အောက်တိုဘာ ၃ဝ
ရေနံချောင်း အောက်တိုဘာ ၃ဝ
မကွေးတိုင်းဒေသကြီး ရေနံ ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီး နှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အစီအစဉ် သုံးခုခွဲ၍ကျင်းပရာတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့် အောင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းတို့က အဖွင့်အမှာ စကားပြောကြားသည်။
ဖျာပုံ၊ အောက်တိုဘာ ၃ဝ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအလုပ်မှုဆောင်များသည် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ချိန်တွင် အောင်နိုင်သူ ဟိုတယ်ခန်းမ၌ ဖျာပုံမြို့မှ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြသည်။
ရန်ကုန်အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှယနေ့မနက်၉နာရီအမျိုသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ပါတယ်
အခမ်းအနားအားနိုင်ငံတော်သီးချင်းဖြင့်သီဆိုဖွင့်လှစ်ပါတယ်။
အခမ်းအနားအား ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှုးDrဒေါ်စန်းစန်းနွယ်/ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးတာဝန်ခံဒေါ်စန်းစန်းဝင်း/တိုင်းပါတီကော်မတီဝင်ဒေါ်အေးအေးမြင့်/
အရှေ့ပိုင်းခရိုင်အတွင်းရေးမှုးဒေါ်ဇာခြည်လင်း/ခရိုင်အမျိုးသမီးတာဝန်ခံဒေါ်လဲ့လဲ့အေး/ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်/မြောက်ဥက္ကလာပမြိုနယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်မောင်မြင့်နှင့်မြို့နယ်ပါတီကော်မတီများမြို့နယ်အမျိုးသမီးတာဝန်ခံများ ရပ်ကွက်အမျိုးသမီးရေးရာတာဝန်ခံများအင်အား၁၅၀ကျော်တက်ရောက်ပါတယ်။
အစီစဉ်အရဗဟိုအတွင်းရေးမှုးDrဒေါ်စန်းစန်းနွယ်မှအမျိုးညီလာခံကျင်းပရခြင်းအားအကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး ရန်ကုန်တိုင်းဗဟိုအမျိုးသမီးတာဝန်ခံဒေါ်စန်းစန်းဝင်းမှအမျိုးသမီးဘဝမြှင့်တင်ရေးအမျိုးသမီးကာကွယ်စောင့်ရှောက်ရေးဥပဒေ ယနေ့အမျိုးသမီးများကြီးမားစွာခံစားနေရသောကုန်ဈေးနှုံးကြီးမြှင့်မှု ခလေးများချို့တဲ့စွာပညာသင်ကြားနေရမှု့များအမျိုသမီးများအိမ်တွင်ဝင်ငွေရရှိနိုင်ရေးပြည်ခိုင်ဖြိုးပါတီမှအိမ်တွင်းအတတ်ပညာသင်ကြားပေးနေမှုများကိုရှင်းလင်းဆွေးမှုပါတယ်။
ဆက်လက်ပြီးနှီးနှောဖလှယ်ပွဲအားအမျိုးသမီးရေးရာကိုယ်စားလှယ်များမှအမျိုးသမီးရေးရာစာတမ်းလေးစောင်ဖတ်ကြားတင်သွင်းပြီးမှတ်တမ်းတင်ခြင်းအတည်ပြုခြင်းများဆောင်ရွက်ကြပြီးအခမ်းအနားအားယနေ့မနက်၁၁နာရီတွင်အမျိုးသမီးရေးရာဂုဏ်ပြုတေးသီးချင်းသီဆို၍အခမ်းအနားအားအာင်မြင်စွာရုပ်သိမ်းပါတယ်။
အေးမင်းဇော်(မြောက်ဥက္ကလာ)
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် အောင်နိုင်ရေးအစည်းဝေးကို (30.10.2018) ရက်နေ့ (9) နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲကို တိုင်းပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
Crd;
မဘိမ်း၊ အောက်တိုဘာ ၃၀
မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီအချိန်က မြို့နယ်ပါတီရုံးမှာ ကျင်းပရာ မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်၊.ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ဝိုင်းချစ်၊.ခရိုင်ပါတီကော်မတီဝင်များ၊.မြို့နယ်ပါတီဥက္ကဌ ဦးဇော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊.ပါတီနာယကများ၊.အကြံပေးများ.၊ အမျိုးသမီးများ အင်အား (၁၀၀) ဦး တက်ရောက်ခဲ့သည်။ အစီအစဉ် ၃ ခုဖြင့် ကျင်းပခဲ့သည်။ အစီအစဉ် ဒုတိယပိုင်းတွင် အစုအဖွဲ့အလိုက် စာတမ်းများ ဆွေးနွေးခဲ့ကြသည်။အစီအစဉ် တတိယပိုင်းကို ဆက်လက်ကျင်းပရာ အစုအဖွဲ့အလိုက်စာတမ်းများ ဖတ်ကြားပြီးအခမ်းအနားကို ၁၁ နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးမြောက်ခဲ့ပါသည်။
(၃၀.၁၀.၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲရုံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့်သူများ၊ ဝန်းရံအဖွဲ့များနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ မဲရုံကိုယ်စားလှယ်များ၊ ဝန်းရံအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးမှ မဲရုံကိုယ်စားလှယ်များ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးမှာပြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်စောမြိုင်မှ ရွေးကောက်ပွဲနေ့တွင် လုပ်ဆောင်ရမည့် အသေးစိတ်အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ပါတီအဖွဲ့များမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ကျောင်းကုန်း အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဇီငူကျေးရွာအုပ်စု နောင်ဘိုကျေး ရွာတွင် ရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၉နာရီခွဲတွင် နောင်ဘိုကျေးရွာ၌ကျင်းပခဲ့သည်။
ဖားကန့်၊ အောက်တိုဘာ ၂၉
ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ အခြေခံနိုင်ငံရေး (ဆင့်ပွား) သင်တန်း (၅ \၂၀၁၈) ကို အောက်တိုဘာ (၂၉) နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် လီဒိုလမ်းဒေသ၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ အောင်ရာကျေးရွာ ဦးချင်းနေအိမ်တွင်ပြုခဲ့ပြီး၊ သင်တန်းဖွင့်ပွဲတွင် အဖွင့်အမှာစကားကို မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းထွန်းမြင့်က ပြောကြားခဲ့ကာ သင်တန်းတွင် သင်တန်းသား /သူ (၇၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ (၂၉) ရက်မှ (၃၁)ရက်နေ့ အထိ (၃) ရက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
(၂၉.၁၀.၂၀၁၈)ရက်နေ့တွင် စဉ်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေသင်တန်းဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် ကော်မတီဝင်များ၊ မတ္တရာမြို့နယ်၊ စဉ်ကူးမြို့နယ်တို့မှ ပြည်ခိုင်ဖြိုးပါတီအဖွဲ့များ၊ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်တို့မှ မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။