၁၃၈၀ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်
၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်
သင်ပုန်းချောင်းကူး(ရွှေဆံပင်)ကိုယ်ထူကိုယ်ထ တံတားလုပ်ငန်းဆောင်ရွက်မှုအတွက်ပြည်ခိုင်ဖြိုးပါတီငွေလှူဒါန်း
ဝမ်းတွင်း နိုဝင်ဘာ ၅
ဝမ်းတွင်းမြို့နယ် ရှောက်တောကျေးရွာအုပ်စု ဆင်သေကွေ့ ကျေးရွာ သင်ပုန်းချောင်းကူး(ရွှေဆံပင်) ကိုယ်ထူကိုယ်ထ တံတား လုပ်ငန်းခွင်သို့ ယနေ့တွင် မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦး ထွန်းထွန်းဦး၊ ခရိုင်ပါတီကော်မတီဝင်ဦးမြဌေး၊ မြို့နယ်ပါတီကော် မတီဥက္ကဋ္ဌဦးမျိုးမြင့်သိန်း၊ အတွင်းရေးမှူးဦးမောင်မောင်ချို၊ ဘဏ္ဍာ ရေးမှူးဦးအောင်တင့်နှင့် မြို့နယ်ကော်မတီဝင်များသွားရောက်၍ အလှူငွေကျပ် ၁၃ဝဝဝဝ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ်တင်ပွဲ မလှိုင်မြို့နယ်၌ကျင်းပ
မလှိုင် နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီးမလှိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ် အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့ နယ် သက္ကယ်ကျင်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူများနှင့်တွေ့ဆုံ
တောင်ကြီး နိုဝင်ဘာ ၅
ပြည်သူများအတွက်အထူးလျှော့ဈေးဖြင့်ဆန်များရောင်းချရာသို့ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သွားရောက်အားပေး
နေပြည်တော် နိုဝင်ဘာ ၎
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့နံနက် ၁ဝ နာရီက ဇေယျာသီရိမြို့နယ် ပြည် ခိုင်ဖြိုးပါတီကအထူးလျှော့ဈေးဖြင့် ဆန်များရောင်းချနေမှုအား သွား ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည် သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ ကြောင်း သိရသည်။
မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးတွင် လုပ်သက်ရင့်ပါတီဝင်ကြီးများအား ကန်ေ
မလှိုင် နိုဝင်ဘာ ၎
မန္တလေးတိုင်းဒေသကြီး မလှိုင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စီနီယာပါတီ ဝင်ကြီးများအား ကန်တော့ခြင်း နှင့် KBZ ဘဏ်မှ ငွေကြေးဝန် ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးရှင်းလင်း ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ တွင်ကျင်းပသည့် လစဉ်ပုံမှန် အစည်းအဝေး၌ ပူးတွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုက်လတ်မြို့နယ်နှင့် မအူပင်မြို့နယ်များမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်
ဖျာပုံ၊ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် နံနက် ၉ နာရီခွဲ အချိန်မှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ဆူးကဏန်းကျေးရွာနှင့် မအူပင်မြို့နယ် ထနီးကျေးရွာတွင်ပြုလုပ်သည့် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။
မင်းဘူးမြို့နယ် စကုနယ်မြေတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် အဖွဲ့ Door to Door ကွင်းဆင်းဆောင်ရွက်
31.10.2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် နယ်မြေတစ်ခုဖြစ်သည့် မင်းဘူးမြို့နယ် စကုမြို့ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) နေရာအတွက် မဲဆွယ်စည်းရုံးမှုတစ်ခုဖြစ်သည့် Door to Door ဆောင်ရွက်မှုအား မင်းဘူး/စကုမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)ရှိကျေးရွားများနှင့် မင်ဘူးနှင့်စကုမြို့ပေါ်ရပ်ကွက်များသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး၊ တိုင်းဘဏ္ဍာရေးမှုဦးကြည်ထွန်း၊ တိုင်းကော်မတီဝင်များ ၊ ဦးကျော်သူဦး၊ ဦးအေးသူ၊မြို့နယ်ဥက္ကဌ ဦးကျော်ဝင်းမြင့် နှင့်ကော်မတီဝင်များလိုက်ပါလျက် တရွာဝင်တရွာထွက်နှင့် တအိမ်တက်ဆင်း Door to Door ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။
မင်းဘူးမြို့နှင့်စကုမြို့ရှိ လူမှုရေးအသင်းများသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ အလှူငွေများ လှူဒါန်း
31.10.2018.
မင်းဘူးမြို့နယ် နှင့် စကုမြို့နယ်အတွင်းရှိ လူမှုရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ပေးနေသော အသင်းများဖြစ်သည့် ဗြဟ္မစိုရ်အသင်းနှင့်မြတ်စေတနာအသင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး ၊ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင်များ နှင့် ဦးကျော်သူဦး၊ ဦးအေးသူ၊ မြို့နယ်ဥက္ကဌဦးကျော်ဝင်းမြင့် ၊ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါလျက် မြို့မိမြို့ဖများနှင့်ရင်းနှီးစွာတွေ့ဆုံပြီးဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး+ ဒေါ်ခင်မျိုးဌေး မိသားစုမှ အလှူငွေ တသိန်းကျပ်စီ လှူဒါန်းခဲ့ပါသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ တိုက်ပွဲရှောင် ပြည်သူ များသို့ ဆန်အိတ်များထောက်ပံ့
ရှမ်းမြောက်၊ အောက်တိုဘာ ၃၁



