မန္တလေး နိုဝင်ဘာ ၂၈
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တိုင်း ဒေသကြီးပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံ အကြို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
မန္တလေး နိုဝင်ဘာ ၂၈
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တိုင်း ဒေသကြီးပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံ အကြို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
မကွေး နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးတို့ တက်ရောက်ခဲ့ကြသည်။ဆက်လက်၍သဘာပတိတိုင်း ဒေသကြီးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ယဉ်ယဉ်လှက အဖွင့်အမှာ စကားပြောကြားပြီးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ကိုယ် စားဒေါ်စပယ်မင်းက အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြသည်။
အောင်လံ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး အောင် လံမြို့နယ် ရွှေပန်းတောအခြေစိုက် ရှိ ကျေးရွာနေ ပြည်သူများအား အခမဲ့ကျန်းမာရေး ကူညီစောင့် ရှောက်ပေးခြင်းလုပ်ငန်းကို ယနေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့်တိုင်းဒေသကြီး အရန် ကော်မတီဝင်ဦးတင်ဝင်းတို့ ဦးဆောင်၍ ပါတီဝင်ဆရာဝန်များ ဖြစ်ကြသောဒေါက်တာသန်းတင့် အောင်(ပါရဂူ)၊ဒေါက်တာနေမျိုးခိုင် (ပါရဂူ)၊ဒေါက်တာ နေမျိုးဇေယျာ တို့က ပြည်သူလူထု၂၃ဝဦးအား အခမဲ့ဆေးဝါး ကုသခြင်းကို ဆောင်ရွက်ခဲ့သည်။
အခမဲ့ကျန်းမာရေးကူညီစောင့် ရှောက်မှုလုပ်ငန်းအား မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် မြို့နယ်ပါ တီကော်မတီဝင်များ၊ ရွှေပန်းတော ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် လူမှု ကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့် အငြိမ်းစားကျန်းမာရေး ဆရာမကြီး များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြပြီး အခမဲ့ကျန်းမာရေး ကူညီစောင့်ရှောက်မှုအား ယခုလ ၂၉ရက်တွင် ဆက်လက်ကုသပေး သွားမည်ဖြစ်သည်။
ရှားတောမြို့၊ နိုဝင်ဘာ ၂၈
ယမန်နေ့ ၂၈-၁၁-၂၀၁၈ရက်နေ့ နံနက် (၉း၃၀)နာရီ အချိန်တွင် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားအား ရှားတောမြို့နယ်၊ ပြည်ခိုင်ဖြိုးရုံး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ် ပါသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၈
ယနေ့နံနက် ၉ နာရီချိန်တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် အာဆီယံအမျိုးသမီးများအဖွဲ့အစည်း ASEAN Confederation & Women Organization (ACWO)၏ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ စင်္ကာပူနိုင်ငံအမျိုးသမီးရေးရာဥက္ကဋ္ဌသို့ တာဝန်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကို ပထနေ့အဖြစ် ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးအောင်သူ၊၊ ပြည်နယ်ကော်မတီဝငများ၊ (၆) ခရိုင်၊ (၁၉) မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့များ၊ စုစုပေါင်း အင်အား (၄၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

နေပြည်တော်၊ ၂၈.၁၁.၂၀၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးနှင့်ဖွံ့ဖြိုးရေပါတီ ပြည်ထောင်စုနယ်မြေ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအား ပြည်ထောင်စုနေမြေရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌပါတီ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေပါတီတာဝန်ရှိသူများ အမျိုးသမီးညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့်နိုင်ငံတော်အလံအလေပြုခြင်းဖြင့်စတင်ခဲ့ပြီး “ကေသရာဇာခြင်္သေ့” သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဗဟိုအလုပ်မှုဆောင် ဦးဝေလွင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုနယ်မြေပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပမည့် ဒုတိယပိုင်းအစီအစည်များအား ခရိုင်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ယဉ်ယဉ်အေးမှ ဖတ်ကြားရှင်းလင်းခဲ့ပြီး အခမ်းအနားပထမပိုင်းအားရုတ်သိမ်းခဲ့သည်။

အောင်လံ၊ နိုဝင်ဘာ၊ ၁၆
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရွာထောင်ရပ်ကွက်ရှိ သီတဂူဇောတိကစက္ခုဒါန အခမဲ့ဆေးရုံတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်မှ စတင်၍ဆောင်ရွက်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် မကွေးတိုင်းဒေသကြီး ပါတီအရံကော်မတီဝင် ဦးတင်ဝင်း၊ မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ သွားရောက်၍ သီတဂူ ရွှေပြည်ဟိန်းဆရာတော်ကြီးနှင့် ဆရာတော် ဦးဇေိာတကအား ဖူးမျှော်ကြည်ညိုကြပြီး လူနာများကို အားပေးစကားပြောခြင်း၊ လုပ်အားဒါနပေးခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါအခမဲ့ မျက်စိခွဲစိတ်ခြင်းလုပ်ငန်းကို ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြသော ဒေါက်တာမြတ်သူရဌေး (မျက်စိခွဲစိတ်အထူးကု)၊ ဒေါက်တာအောင်ဇာနည်ဌေး (မျက်စိခွဲစိတ်အထူးကု)၊ ဒေါက်တာ အာကာဟိန်း (အထွေထွေရောဂါအထူးကု) တို့မှ လုပ်အားဒါန ကုသိုလ်ပြုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖြူး၊ နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ရာ အစီအစဉ်အရ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

ပုသိမ်ကြီး၊ နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ် ပြန်လည် တင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်တွင် ကျွန်းထဲပိုင်းရှိ ပုဂံတပ်ကျေးရွာအုပ်စု၊ ဝေါတက်ကျေးရွာ ဦးသန်းမောင်၏ နေအိမ်တွင် ပြုလုပ်ခဲ့သည်။