ရွှေပြည်သာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်ရုံးခန်းမ၌ နှစ်ဦးပဌာန်းရွတ်ဖတ်ပူဇော်ခြင်း
ရွှေပြည်သာ၊ဇန်နဝါရီ၊၁၁ရက် ၂၀၁၉
ရွှေပြည်သာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်ရုံးခန်းမတွင်ပဌာန်းရွတ်ဖတ်ပူဇော်ပွဲအားမြို့နယ်ပါတီဥက္ကဌဦးလင်းအောင်အောင်၏လမ်းညွှန်ဦးဆောင်မှူ့ဖြင့်ဘဏ္ဍာရေးမှူးဦးလေးမောင်ဦးဆောင်၍အမျိုးသမီးရေးရာလှူပ်ရှားမူအဖြစ် အမျိုးသမီးရေးရာတာဝန်ခံများနှင့် မြို့နယ် /ရပ်ကျေး အမျိုးသမီးများမှ ညနေ(၅:၀၀မှ ည ၇:၀၀)အထိပဌာန်းဒေသနာတော်များအားရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
Chan Mya Aye
လှိုင်သာယာ ပြည်ခိုင်ဖြိုးမှ သက်သာချောင်ချိရေး ဆီနှင့်ဆန် ရောင်းချ
လှိုင်သာယာ၊ ဇန္နဝါရီ၊ ၁၂၊
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှမြို့နယ်ပါတီဥက္ကဌ ဦးဇေယျာအောင်နှင့်မြို့နယ်ကော်မတီဝင်များ ပါတီကော်မတီဝင်များ လိုက်ပါလျှက် အမှတ်(၁၆)ရပ်ကွက်သို့ သွားရောက်ပြီး ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကို ပြည်ခိုင်ဖြိုးပါတီက တဖက်တလမ်းမှ ကူညီပေးရန် ရည်ရွယ်ချက်ဖြင့် ဆန်တစ်ပြည်ကို (၁၀၀၀) ကျပ်နှုန်းနှင့် ဆီ ၁ ပိဿာ (၁၅၀၀) ကျပ်နှုန်းဖြင့် ယနေ့ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ရေးလုပ်ငန်းညှိနှိုင်း
ရန်ကုန် ဇန်နဝါရီ ၁၃
လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် ပါတီဝင်အင်အား စိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်၊ အတွင်းရေးမှူး ဦးသန်းအေး၊ ဘဏ္ဍာရေးမှူး ဦးမြသောင်းနှင့် ကော်မတီ ဝင်များ၊ ရပ်ကွက် ၁၆ရပ်ကွက်မှ ပါတီ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
မြစ်ကြီးနားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်မိသားစုအား ဆန် ဆီ ဆား ထောက်ပံ့
မြစ်ကြီးနား ဇန်နဝါရီ ၁၃
မြစ်ကြီးနားမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီ တွင် မီးဘေးသင့်မိသားစုထံ အိမ် အရောက် ဆန်၊ ဆီ၊ ဆား ထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ
ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးတွင် ယနေ့မွန်းလွဲ ၁နာရီက ကျင်းပသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရပ်ကွက်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းပါတီမှ ဗဟို ကော်မတီဝင်ဦတင်ဝင်း၊ ရန်ကုန်အနောက် ပိုင်းခရိုင် ပါတီကော်မတီဝင် ဦးဇော်ဝင်း ခေါင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ
ပုသိမ်ကြီး ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့မရပ်ကွက် ပါတီဥက္ကဋ္ဌဦးသိန်းလွင်နှင့်အမှုဆောင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်း က အောင်မင်္ဂလာ(၂)ရပ်ကွက်နေ ရပ်/ကျေးအမှုဆောင် ဦးဟန်မင်း၏ နေအိမ်တွင် ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုတွေ့ဆုံ
ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုတွေ့ဆုံပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၁နာရီ တွင် ကျင်းပကြောင်း သိရသည်။
အင်းတော်တွင် ရပ်ကျေးပါတီဝင်များတွေ့ဆုံပွဲကျင်းပ
အင်းတော် ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ရပ်/ကျေးပါတီဝင်များ တွေ့ဆုံပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကွင်းချောင်းအုပ်စု သောင်မြင်းကျေးရွာနှင့် မွန်းလွဲ ၁နာရီ၌ ညောင်ကုန်းအုပ်စု ဗုဓလက်ကျေးရွာတို့တွင် ပြုလုပ် ခဲ့သည်။
ကောလင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်
ကောလင်း ဇန်နဝါရီ ၁၃
ကောလင်းမြို့ မင်းတဲကြီး ရပ်ကွက်နေ ပြည်ခိုင်ဖြိုးပါတီရပ်ကျေး ဥက္ကဋ္ဌ ဦးဇော်မိုးနိုင် နေအိမ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။
ထိုဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီရုံးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ၊ သတင်းမီဒီယာများ စုစုပေါင်းအင်အား ၂ဝ ကျော် တက်ရောက်ခဲ့ကြသည်။



