
32GB (239,000)
64GB (269,000)
ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ မျက်နှာပြင်အပြည့် ပုံစံမျိုးလုပ်တဲ့ဖုန်းပါ။ မျက်နှာပြင်အပြည့်ဆိုပေမယ့် ဘေးဘောင်တွေကတော့ သိပ်ပြီးပါးလွှာ သွားတာ မျိုးမဟုတ်သေးပါဘူး။ အရွယ်အစားနဲ့ ဒီဇိုင်းက လက်ထဲမှာကိုင်တွယ်လို့ အဆင်ပြေနိုင်တဲ့ အရွယ်အစားမျိုးဖြစ်ပြီး အလေးချိန် အနည်းငယ်ရှိတယ်လို့ ခံစားရစေပါတယ်။ Fingerprint ကတော့ ဖုန်းရဲ့ညာဖက်ဘေး ဘောင်အပေါ်နားမှာ ပါဝါခလုတ်ရဲ့ အောက်ဘက်မှာ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ ဒါက Sony ဖုန်းတွေရဲ့ Fingerprint ဖွဲ့စည်းပုံနဲ့ ဆင်တူပါတယ်။ စပီကာ၊ USB Port နဲ့ နားကြပ်ပေါက် တွေကိုတော့ ဖုန်းရဲ့ အောက်ခြေဘောင်ပေါ်မှာ တပ်ဆင်ပေးထားပါတယ်။









