
OPPO ဟာ F9 Pro ကို သြဂုတ် ၂၁ ရက်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီအချက်အလက်ဟာ OPPO ရဲ့ ဝက်ဘ်ဆိုက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ F9 Pro ရဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်မယ့် အဓိက feature က selfie ကင်မရာ ဖြစ်နိုင်ပြီး 25MP f/2.0 sensor ပါဝင်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလွန် လျင်မြန်တဲ့ VOOC Flash Charge အားသွင်း စနစ် ပါဝင်ပြီး ၅ မိနစ်အားသွင်းရုံနဲ့ ၂ နာရီကြာ ဖုန်းပြောနိုင်မယ်လို့ OPPO က ပြောကြားထားပါတယ်။





သောကြာနေ့တွေမှာ E-Top Up နဲ့ ငွေဖြည့်သွင်းပါက Happy Friday အပြင် Facebook Bonus လက်ဆောင် ပေးမယ့် အစီအစဉ်တစ်ရပ် MPT ကပြုလုပ်ခဲ့ပါတယ်။ E-Top UP ခဲခြစ် ငွေဖြည့်ကတ်ကို MPT4U အက်ပလီ ကေးရှင်းနဲ့ ငွေဖြည့်ခြင်းအ တွက် ဒေတာအပို လက်ဆောင်တွေပးမယ့် အစီအစဉ်လည်း ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

