(၅၉)ကြိမ် မြောက် ဂရမ်မီဆုပေးပွဲတွင် နာ မည်ကျော် ဗြိတိန်အဆိုတော် အဒဲလ်က ‘‘Hello’’ သီချင်းဖြင့် Song of the Year ဆုနှင့် Record of the Year ဆု အပါအ၀င် စုစုပေါင်း ငါးဆုရရှိခဲ့သည်။ အဒဲလ်သည် ဂရမ်မီ ဆုပေးပွဲ တွင် အကောင်းဆုံးသီချင်းဆုရရှိ ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၁၂ ကလည်း ‘‘Rolling in the Deep’’ သီချင်းဖြင့် အဆိုပါဆုကို ချီးမြှင့်ခံခဲ့ရသည်။













