
နံနက်စောစော စပျစ်သီးဖျော်ရည်သောက်ပါက ခေါင်းတစ်ခြမ်း ကိုက်ခြင်း Migrane ကို သက်သာစေသည် ။ စပျစ်သီး အခွံမှာပါသော Pte-rostilbene နှင့် Saponin တို့က သွေးထဲတွင် Cholesterol စုပ်ယူမှုကို ဟန့်တားပေး သဖြင့် အဆီကို ကျစေသည် ။ ၄င်းတွင်ပါဝင်သော Resve-ratrol မှ အယ်ဇိုင်းမားရောဂါ ဖြစ်စေသော Amyloidal Peptide ကို လျော့စေသဖြင့် အယ်ဇိုင်းမားရောဂါ ဖြစ်မှုကို ဟန့်တားပေးသည် ။ ၄င်းပြင် ဦးနှောက်ကျန်းမာရေးကို အားပေးပြီး အာရုံကြောများ ချို့ယွင်းပျက်စီးလာမှုကို နှောင့်နှေးစေသည် ။ ကျောက်ကပ် အတွင်း သွေးကြော များ၏ ဖိအားကို လျော့ပေးသဖြင့် ကျောက်ကပ်ရောဂါများကို သက်သာစေသည် ။









