
လန်ဒန်၊ မေ ၁၁
တစ်ကမ္ဘာလုံးတွင် စစ်ပွဲပဋိပက္ခများကြောင့် နိုင်ငံတွင်း၌ပင် နေရပ်ပြောင်းရွှေ့ရသူပေါင်းသည် ယမန်နှစ်ထက် တိုးတက်များပြားလာကာ စံချိန်တင်အဖြစ် ၄၀ ဒဿမ ၈ သန်းရှိကြောင်း မေ ၁၀ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်က ဖော်ပြသည်။

လန်ဒန်၊ မေ ၁၁
တစ်ကမ္ဘာလုံးတွင် စစ်ပွဲပဋိပက္ခများကြောင့် နိုင်ငံတွင်း၌ပင် နေရပ်ပြောင်းရွှေ့ရသူပေါင်းသည် ယမန်နှစ်ထက် တိုးတက်များပြားလာကာ စံချိန်တင်အဖြစ် ၄၀ ဒဿမ ၈ သန်းရှိကြောင်း မေ ၁၀ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်က ဖော်ပြသည်။

မေလ ၁၀ ရက်က ရွေးကောက်ပွဲရလဒ်များအရ ဖိလစ်ပိုင် နိုင်ငံသား ကမ္ဘာ့လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုသည် နိုင်ငံ၏ အထက်လွှတ်တော် အမတ်တစ်နေရာ အနိုင်ရရှိရန် သေချာသလောက်နီးပါး ဖြစ်ခဲ့ပြီဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းအတွက်ကြောင့် ရှေ့လာမည့်ကာလတွင် ဖိလစ်ပိုင် သမ္မတ ရာထူးတာဝန် ရယူနိုင်ရန် မက်ခဲ့သော ၎င်း၏ အိပ်မက်သည်လည်း ပိုမို နီးစပ်လာခဲ့ပြီဟု သိရသည်။

နယူးယောက် မေ ၁ဝ
သမ္မတလောင်း ဒေါ်နယ်ထရန့်သည် ၄င်းအဆိုပြုထားသည့် မူဆလင်များ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ပိတ်ပင်သည့် အဆိုပြုမှုနှင့်ပတ်သက်၍ လန်ဒန်မြို့တော် ဝန်အသစ်ကို ခြွင်းချက်ထားရမည်ဟု ပြောကြားခဲ့သည်။
လန်ဒန်မြို့တော်ဝန်အသစ်အဖြစ် ရွေးကောက်တင် မြှောက်ခံထားရသူမှာ ပါကစ္စတန်ရွှေ့ပြောင်းလုပ်သား ဘတ်စ်ကား ဒရိုင်ဘာတစ်ဦး၏ သားဖြစ်ပြီး တနင်္ဂနွေနေ့က လန်ဒန်မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။
ဘဂ္ဂဒက်၊ မေ ၁၀ ။ ။ အီရတ်နိုင်ငံ အန်ဘာပြည်နယ်တွင် ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းစီးနင်းမှုအတွင်း အဓိကအိုင်အက်စ်ခေါင်းဆောင်တစ်ဦးအား သုတ်သင်လိုက်နိုင်ကြောင်း ပင်တဂွန်က ပြောသည်။
အီရတ်တွင် ယခင်အယ်ခိုင်ဒါအဖွဲ့ဝင်ဟောင်းဖြစ်သည့် အဘူဝါဟိဘ်အား မေ ၇ ရက် လေကြောင်းစီးနင်းမှုတွင် သတ်ဖြတ်လိုက်နိုင်ခြင်းဖြစ်သည်ဟု ပင်တဂွန်အရ သိရသည်။
“အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ်တွေအတွက် အန္တရာယ်ပါ။”ဟု ပြောရေးဆိုခွင့်ရှိသူ ပီတာကွတ်က ပြောသည်။
ရာဇဝတ်မှုတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ် ဆိုတဲ့ မစ္စတာ ဒူတာတေးရဲ့ ရွေးကောက်ပွဲကြို မဲဆွယ် ကတိ အပေါ် ဖိလစ်ပိုင် ပြည်သူတွေ တော်တော်များများက သဘောကျ ခဲ့ကြပါတယ်။
ဖိလစ်ပိုင် နိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ ဒဗောင်းမြို့တော်ဝန် ရော့ဒရီးဂိုး ဒူတာတေး က သူ အနိုင်ရပြီ ဖြစ်တယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
မက္ကဆီကိုစီးတီး၊ မေ ၁၀ ။ ။ မူးယစ်ရာဇာ အယ်လ်ချာပိုအား အမေရိကန်သို့ လွဲပြောင်းပေးနိုင်ကြောင်း မက္ကဆီကို နိုင်ငံက တရားရုံးက အမိန့်ချမှတ်သည်။
အယ်လ်ချာပိုသည့် အမေရိကန်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ အများအပြား တင်သွင်းနေခြင်းကြောင့် အလိုရှိနေသူ ဖြစ်သည်။
လွှဲပြောင်းပေးအပ်ရေးအတွက် မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရက် ၃၀ အတွင်း ဆုံးဖြတ်ရမည် ဖြစ်သည်။
မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးမလာလျှင် နျူကလီးယားလက်နက်များကို ထုတ်သုံးမည် မဟုတ်ဟု ကင်မ်ဂျုံအန်းက ပြောကြားလိုက်သည်။
မြောက်ကိုရီးယား အစိုးရသတင်းဌာနက နိုင်ငံခေါင်းဆောင်သည် ကျင်းပခဲ့သည့် အာဏာရပါတီ ညီလာခံတွင် ယခုလို ပြောဆိုသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် နိုင်ငံတကာ သဘောတူညီမှုကို ဆန့်ကျင်ပြီး ၂၀၀၆ ခုနှစ်တွင် ပထမဆုံးသော နျူကလီးယား လက်နက်အဆင့် ဖျက်အားပြင်း လက်နက်ကို စမ်းသပ်ခဲ့သည်။
ရွေးကောက်ပွဲဝင် ဖိလစ်ပိုင်သမ္မတလောင်း (၅) ဦး
ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေကို ယနေ့ (မေလ ၉ ရက်) မှာ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မဲရုံတွေကို နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ကြောင်း ဖိလစ်ပိုင် ရွေးကောက်ပွဲ တာဝန်ရှိ သူတွေက ပြောပါတယ်။
ဘိုလီးဗီးယား သမ္မတ အီဗို မိုရာလက်စ်
နှစ်နိုင်ငံနယ်စပ်အနီး စစ်စခန်း တည်ဆောက်ခဲ့သည့် ချီလီ၏လုပ်ရပ်ကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မိမိတို့ယူဆ ကြောင်း ဘိုလီးဗီးယားသမ္မတ အီဗိုမိုရာလက်စ်က ပြောကြားခဲ့သည်။
မေ ၈ ရက်တွင် မိုရာလက်စ်က ချီလီအနေဖြင့် နှစ်နိုင်ငံပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် ဆီလာလာမြစ်နှင့် ၉ မိုင်အကွာတွင် စစ်စခန်းတစ်ခုကို တည်ဆောက်ထားကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ယင်းသည် နိုင်ငံအချင်းချင်း နယ်စပ်များနှင့် မိုင် ၃၀ အတောအတွင်း စစ်စခန်းများဆောက်လုပ်ခြင်းမပြုရန် နိုင်ငံတကာသဘောတူညီမှုကို ဆန့်ကျင်နေကြောင်းလည်း ၎င်းက ဆိုသည်။

ဘရာဇီး နိုင်ငံမှာ ဩဇာကြီးတဲ့ အောက်လွှတ်တော် ဥက္ကဌ အက်ဒ်ဒွါးဒို ကူးညာကို ဘရာဇီး တရားရုံးချုပ်က တာဝန်ကနေ ဆိုင်းငံ့ လိုက်ပါတယ်။
ငွေကြေး မသမာမှု စွဲချက်တွေ နဲ့ ပတ်သက်ပြီး တရားရေး အာဏာပိုင်တွေက စုံစမ်းနေတာ တွေကို မစ္စတာ ကူးညာက အနှောင့်အယှက် ပြုခဲ့တယ်လို့ စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။