
ပြည်သူ့ဘဏ္ဍာများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဆိုသော စွပ်စွဲချက်များကြောင့် တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူး ရာထူးမှ နုတ်ထွက်ခဲ့ရကြောင်း သတင်းရရှိသည်။ ဂျပန်၏ မြို့တော်ဖြစ်သော တိုကျို၏ အစိုးရအဖွဲ့ကို ဦးဆောင်နေသော ယူအီချီ မာဆူဇိုသည် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်လိုက်ပြီဟု ဇွန် ၁၅ ရက်တွင် မီဒီယာများကို အသိပေးခဲ့သည်။ ၎င်းသည် အစိုးရ ငွေကြေးများကို ကိုယ်ပိုင် အားလပ်ရက် အပန်းဖြေ ခရီးများနှင့် အနုပညာ ပစ္စည်းများ ဝယ်ယူမှု၊ သားသမီးများအတွက် ရုပ်ပြကာတွန်း စာအုပ်များ ဝယ်ယူမှုတို့တွင် အသုံးချခဲ့ကြောင်း အပြင်း အထန် စွပ်စွဲခံခဲ့ရသည်။












