
ကမ္ဘာ့လက်နက် ရောင်းဝယ်မှု စနစ်တကျဖြစ်စေ ရေး ပုံဖော်ထားသော ကုလသမဂ္ဂ သဘောတူညီချက်ကို အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချခြင်းသည် ကမ္ဘာတစ်ဝန်း တရားမဝင်လက်နက်ရောင်းဝယ် မှုများကို တိုက်ဖျက်ရေး နှောင့်နှေးစေသည်ဟု ဥရောပသမဂ္ဂက သတိပေးပြောကြားသည်။ လက်မှတ်ရေးထိုးမှု ပြန်လည် ရုပ်သိမ်းရန် အမေရိကန်၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာ လက်နက်ကုန်သွယ်မှု၌ ပွင့်လင်း မြင်သာမှုရှိရေး၊ တရားမဝင် ရောင်းဝယ်မှု တားဆီးရေးနှင့် သမားရိုးကျလက်နက်များ မသမာသူများထံ မရောက်ရန် ဆက်လက် လုပ်ဆောင်နေသော ကြိုးပမ်းမှုများ၌ အထောက်အကူမဖြစ်ဟု အီးယူ၏ သံတမန်ရေးရာ အကြီးအကဲ မစ္စစ်ဖီဒီရီကာမိုဂီရီနီ က ပြောသည်။









