
ပြည်ပအန္တရာယ်ကို ရင်ဆိုင်ရန် အီရန်နိုင်ငံက လက်နက်အင်အား ဘက်စုံပြင်ဆင်ထားပြီ ဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး အာမာဟာတမီက ယမန်နေ့က ပြောသည်။ အီရန်နိုင်ငံသည် လက်ရှိတွင် စစ်ရေးအရ ကာကွယ်ရေးစွမ်းရည် အမြင့်ဆုံးတွင်ရှိပြီး အ္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီဖြစ်သည်ဟု အီရန် ကာကွယ်ရေး ဝန်ကြီး အာမာဟာတမီက ယမန်နေ့က တီဟီရန်၌ ကျင်းပသော အငြိမ်းစားစစ်မှုထမ်းများစုံညီပွဲ၌ အမှာစကား ပြောကြားခဲ့သည်။









