
မင်းပြားမြို့အနီး စစ်တွေ-ရန်ကုန် ကားလမ်းပေါ်ရှိရာမောင်ကြိုးတံတားသည် နှစ်ကာလကြာမြင့်လာခြင်း၊ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုများ၍ ကြံ့ခိုင်မှု လျော့နည်းလာခြင်းတို့ကြောင့် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၈)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘တံတား စတင် တည်ဆောက်ချိန်က ခြောက်ဘီးကား ဖြတ်သန်းဖို့လောက်ပဲ ထည့်တွက်ခဲ့ပုံရပါတယ်။





