ရုပ်သံလိုင်းသစ်ငါးခု လုပ်ကိုင်ခွင့်ကို လက်ရှိ ရုပ်သံကုမ္ပဏီများ လျှောက်ခွင့်မပြုဟုဆို

အသစ်ထပ်မံ ထုတ်လွှင့်ခွင့်ပြုမည့် ရုပ်သံလိုင်းငါးခုကို ယခင်လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများကို ၀င်ရောက် လျှောက်ထားခွင့် ပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။ (more…)


အရေးပေါ်စီမံချက်အက်ဥပဒေ ပယ်ဖျက်

အရေးပေါ်စီမံချက်အက်ဥပဒေအား ရုပ်သိမ်းရန် ယနေ့ (သြဂုတ်လ ၂၄ ရက်နေ) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  အတည်ပြုလိုက်သည်။ (more…)


ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးနိုင်မှု လျော့ကျဟု အစိုးရထုတ်ပြန်

ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးနိုင်မှု အရေအတွက်သည် ပြီးခဲ့သည့် ဇွန်လကထက် လျော့နည်းသွားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းမှ အလုပ်အကိုင် ရှာဖွေ ပေးနိုင်မှုသည် ဇွန်လက ဦးရေ ၁၈,၀၀၀ ခန့်ရှိပြီး ဇူလိုင်တွင် ၁၅,၀၀၀ ခန့်သာရှိခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြေငလျင်ဒဏ်ကြောင့် ပျက်စီးမှုများတွင် ပါဝင်ကူညီဆောင်ရွက်ပေးရေး

သြဂုတ်လ (၂၄) ရက်နေ့ ညနေ (၅) နာရီ (၄) မိနစ်ခန့်တွင် မန္တလေးမြေငလျင် စခန်းမှ အနောက်တောင် ဘက် (၁၂၃) မိုင်ခန့် ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး (၆ ဒသမ ၈) အဆင့် အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ပုဂံ၊ ညောင်ဦး၊ ချောက်၊ ရေနံချောင်းမြို့များရှိ ရှေးဟောင်းဘုရားပုထိုးစေတီများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ ပါသည်။

တိုင်းဒေသကြီး/ပြည်နယ် ပါတီဒုတိယဥက္ကဋ္ဌများအဖြစ် တာဝန်ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၇)၊ အပိုဒ်ခွဲ (က)၊ (ည)၊ (ဋ) နှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ အပိုဒ် (၂၇)၊ အပိုဒ်ခွဲငယ် (ဆ)၊ အပိုဒ်ခွဲငယ် စိတ် (၆)၊ (၇) တို့အရ ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဗဟို ကော်မတီ၏ ရွေးချယ်အတည်ပြု ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲပါ တိုင်းဒေသကြီး/ ပြည်နယ်ပါတီ ကော်မတီ ဒုတိယဥက္ကဋ္ဌများအဖြစ် သြဂုတ်လ (၂၃) ရက်နေ့မှစ၍ တာဝန်ပေးအပ် လိုက်ကြောင်း သိရသည်-

ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆)ကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်း မှတ်တမ်းတင်ခြင်း အတည်ပြုခြင်း ဆုံးဖြတ်ခြင်းရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း အတည်ပြုကြောင်းကြေညာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆)တတိယနေ့အခမ်းအနားကို သြဂုတ် (၂၄) ရက် နံနက် ၈ နာရီခွဲခန့်က နေပြည်တော်ရှိ ပါတီဌာနချုပ်ညီလာခံခန်းမ၌ကျင်းပခဲ့ပြီး ညီလာခံ၏မှတ်တမ်း တင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ညီလာခံ၏ သဘောထားကို ရယူကာ အတည်ပြု၍ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) သတင်းစာ ရှင်းလင်းပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကို ယနေ့ (သြဂုတ် ၂၄) ရက် နေ့လည် (၁) နာရီခွဲအချိန်တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်း တို့တက်ရောက်ခဲ့ ကြသည်။

တိုင်းဒေသကြီး၊/ပြည်နယ်ပါတီ အတွင်းရေးမှူးများအဖြစ် တာဝန်ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၇)၊ အပိုဒ်ခွဲ (က)၊ (ည)၊ (ဋ) နှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ အပိုဒ် (၂၇)၊ အပိုဒ်ခွဲငယ် (ဆ)၊ အပိုဒ်ခွဲ ငယ်စိတ် (၆)၊ (၇) တို့အရ ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဗဟိုကော်မတီ၏ ရွေးချယ်အတည်ပြု ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲပါ တိုင်းဒေသကြီး/ ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးများအဖြစ် သြဂုတ်လ (၂၃) ရက်နေ့မှစ၍ တာဝန်ပေးအပ်လိုက်သည်-

တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်လှူဒါန်း

၂၄-၈-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တာချီလိတ်မြို့နယ် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအတွက် တာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူတော်ငွေ (၃၀၀၀-ဘတ်) ပါဝင် လှူဒါန်း ခဲ့ပြီး ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသို့ တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင် ဦးစိုင်းလုံးထီး၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်အရံကော်မတီဝင် ဦးခင်မောင်လွင်၊ ရပ်ကွက်စည်းရုံးရေးအဖွဲ့ဝင် ဦးသန့်ဇင်ညိမ်းတို့မှ တက်ရောက်ခဲ့ပြီး ဆရာတော်ကြီးများမှ ချီးမြှင့်သော ငါးပါးသီလ ခံယူခြင်းနှင့် တရားတော်များ နာကြားခဲ့ကြကြောင်း သိရသည်။

ကျောင်းကုန်းပြည်ခိုင်ဖြိုးနှင့် ရွှေကျွန်းဂုဏ်ပရဟိတအဖွဲ့တို့ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုပြု

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျော်ဝင်းစိန် ခေါင်းဆောင်သော မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ညောင်တုန်းမြို့နယ် ပေစိအုပ်စု ရွှေကျွန်းဂုဏ်လူငယ်ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၂၂) ရက်နေ့က ကျောင်းကုန်းမြို့ ကျုံဖားရိုးအုပ်စု ကြိမ်ငူကြီးကျေးရွာနှင့် ပန်းတောရိုး အနောက် ရွာသစ်ကုန်းရွာ၊ ဝက်ခြံဂရက်အုပ်စု ကညင်ကုန်းရွာ၊ ရောင်ပစ်ကွင်း အုပ်စု မကျီးစင်ရွာ၊ ပေါက်ဆိန်ပဲ့အုပ်စု ရုံငူကြီးရုံးငူလေးရွာ၊ အမှတ်(၁)ရပ်ကွက် စက်ကြီးပိုင်း လျှော်ဂိုဒေါင် ရေဘေးစခန်း ဝက်ချောင်းအုပ်စု ထမဆုပ်ကုန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်(၅၂)အိတ်နှင့် အဝတ်အထည်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိသည်။