ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းသည် တရားမ၀င်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၁၁ ပါတီ တို့၏ ပူးတွဲသဘောထားကြေညာချက်ကို ကြိုဆိုထောက်ခံကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က ကြေညာချက် ထုတ်ပြန်သည်။








