နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂) ၀င်းထဲမှာရှိတဲ CB ဘဏ် ATM ငွေထုတ်စက်ကနေ ကျပ်သိန်း ၇၀ ကျော် ခိုးထုတ်မှုဖြစ်ပွားခဲ့တယ်လို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)ရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်အောင်က ပြောပါတယ်။
စည်ပင်ဧည့်ရိပ်သာ (၂) ဧည့်ကြိုကောင်တာရုံးခန်းထဲက CB ဘဏ် ATM စက်မှာ အဆိုပါဘဏ်ရဲ့ ကြီးကြပ်ရေးမှူး ဆိုသူက ကျပ် ၇၅ သိန်း ခိုးယူခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။




