ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပြီးပါက စည်ပင်သာယာရေးဌာန သုံးခုကလွဲ၍ ကျန်ဌာနများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ မူကြမ်း စိစစ်ရေးကော်မတီဝင် ဦးလှဌေးက ပြောသည်။
ကော်မတီတွင် စီးပွားရေး နှင့် စီမံခန့်ခွဲရေးဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန သုံးခုမှလွဲ၍ ကျန်ဌာနများကို ဖျက်သိမ်းကာ ယင်းဖျက်သိမ်း ဌာနများ၏ လုပ်ငန်းဆိုင်ရာများကို အသစ်ရွေးချယ်ခံရသည့် စည်ပင်သာယာရေး ကော်မတီဝင်များက အုပ်ချုပ်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။












