ကချင်ပြည်နယ် မန်စီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက်/ ကျေးရွာအုပ်စုပါတီကော်မတီ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးအပ်ပွဲနှင့် ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့သည်။
အခမ်းအနားသို့ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်း ရေးမှူး ဒေါ်ဝိုင်းနှင့်ဘဏ္ဍာရေးမှူး ဦးကျော်စွာဝင်း၊ မန်စီမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးထွန်းကြိုင်၊ အတွင်းရေး မှူးဦးကွမ်ဆန်းနှင့်ကော်မတီဝင် များ၊ ရပ်ကျေးပါတီကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုစုပေါင်း ၈ဝ တက်ရောက်ခဲ့ကြသည်။



