သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို (၆.၂.၂၀၁၈)ရက် နေ့လည် ၀၉း၃၀ အချိန်က ကျင်းပရာ ပြည်နယ်၊ ခရိုင်၊မြို့နယ် ပါတီနှင့် ရပ်/ကျေးပါတီ အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို (၆.၂.၂၀၁၈)ရက် နေ့လည် ၀၉း၃၀ အချိန်က ကျင်းပရာ ပြည်နယ်၊ ခရိုင်၊မြို့နယ် ပါတီနှင့် ရပ်/ကျေးပါတီ အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ယနေ့(၇-၂-၂၀၁၈)ရက်နေ့၊မနက်(၁၀)နာရီ အချိန်တွင် မြစ်ကြီးနားမြို့၊နန်းကွေ့ကျေးရွာအုပ်စု၊နယ်မြေ(၇)၊”မျိုးဆက်သစ် ဓမ္မ စင်တာ”ကျောင်းတော်၊သိမ်တော်ကြီး၊သိမ်သမုတ်ပွဲ ၊သိမ်ဆင်းလောင်းလှူ ပွဲတွင် မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ “တစ်ဆုပ်ဆန်လှူ အသင်း”မှသံဃာတော်(၉၂)ပါးကို ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ ခဲ့ကြောင်း သိရသည်။
Nyunt Win
ယမန်နေ့ နေ့လည်(၁၂း၃၀) အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ် မြို့နယ်ပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်ပရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးမှ ရှမ်းမြောက်ပါတီ၏ စတုတ္ထ (၃)လပတ် လုပ်ငန်းညှိနှိုင်းစည်းဝေး လမ်းညွှန်ချက်များ လစဉ်ပေးပို့ရမည့် လအစီရင်ခံစာပုံစံများ ယခုလ ဆောင်ရွက်ရမည့် လုပ်ငန်ုးများ အသေးစိပ် ရှင်းလင်းခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မနက်ပိုင်း ၁၀နာရီ ၃၀ မိနစ်အချိန် ရွှေဘိုမြို့နယ် ရန်ကြီးအောင် ခန်းမတွင် ကျင်းပပြုလုပ်သည့် ရွှေဘိုခရို်င် လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအလုပ်မှုဆောင် စစ်ကိုင်းတိုင်း ဒေသကြီးနယ်မြေတာဝန်ခံဦးမြင့်စိုး ဗဟိုလူငယ်ရေးရာ ကဏ္ဍတာဝန်ခံဒေါက်တာအောင်မြတ်ဦးနှင့် တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမြင့်သိန်း၊ ဗဟိုကော်မတီဝင်များ ၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး တို့တက်ရောက်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နေ့လည်၁နာရီက မုံရွာမြို့တော်ခန်းမတွင်စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေတာဝန်ခံဦးမြင့်စိုး၊ဗဟိုလူငယ်ရေးရာ ကဏ္ဍတာဝန်ခံဒေါက်တာအောင်မြတ်ဦးနှင့်တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမြင့်သိန်း၊ဗဟိုကော်မတီဝင်များ၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ဇော်ဦး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ခရိုင်နှင့်မြို့နယ်များမှပါတီဥက္ကဌများ၊အတွင်းရေးမှူးများနှင့်ပါတီ ကော်မတီဝင်များနှင့်ပါတီဝင်လူငယ်များ အပါအဝင်စုစုပေါင်းအင်အား၁၀၃၅ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားအား နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်၍ ရပ်/ကျေးပါတီ လူငယ်ရေးရာအဖွဲ့ ဝင်တစ်ဦးဖြစ်သည့် မုံရွာမြို့နယ်၊ကျောက္ကာကျေးရွာမှ မရီရီထွန်း၊ပုလဲမြို့နယ်ပါတီလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုအောင်လင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီး
ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာတာဝန်ခံတိုင်းဒေသကြီးပါတီကော်မတီဝင်ဦးအောင်ကိုစံမှ နယ်မြေအလိုက်လူငယ်ရေးရာဖွဲ့စည်းလှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ကြသည်။

ရန်ကုန် ဖေဖော်ဝါရီ ၅
မိုးစပါးအကုန် နွေစပါးမပေါ်မီ ကြားကာလ၌ ပြည်ပမှ ဆန်ဝယ်သင်္ဘောများ ဆိုက်ကပ်နေ၍ ပြည်ပသို့ တင်ပို့နေသော ဆန်ကြမ်းဈေးနှုန်း အနည်းငယ်မြင့်တက်ကာ ပြည်တွင်း၌ စားသုံးမှုများသည့် ဆန်ချော ဈေးနှုန်းများမှာ ဈေးနှုန်းအတက်အကျ မကြမ်းဘဲ ပုံမှန်အတိုင်းသာရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။

ဓာတ်ပုံ- Yangon Police
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင် Suzuki Carry ယာဉ်မောင်းအား အုပ်စုဖွဲ့ဝိုင်းဝန်းထိုးကြိတ်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ ဖေဖော်ဝါရီလ ၅ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။
ယာဉ်မောင်းအား လမ်းလည်ကောင်တွင် ထိုးကြိတ်ခဲ့သူ လူငယ် ၅ ဦးအား လိုင်စင်မဲ့ ဆိုင်ကယ် ၃ စီးနှင့်အတူ လှော်ကားလမ်းခွဲတွင် ညနေ ၆ နာရီခွဲခန့်က ဖမ်းဆီးရမိခြင်းဖြစ်သည်။

Photo : Myanmar State Counsellor Office
အစိုးရနဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေပြည်တော် MICC –II မှာ ကျင်းပဖို့ရှိနေပါတယ်။
အစိုးရက နည်းပညာနှင့် ချေးငွေကူညီမှုပေးမည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Pro-duct) ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ အစီအစဉ် အကောင်အထည်ဖော်ရေး အဆိုကို အမျိုးသား လွှတ်တော် က ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
(၃.၂.၂၀၁၈)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် တောင်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ Online Media မွမ်းမံ(ဆင့်ပွား)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမြတ်သူနှင့် ဦးကျော်စန်း၊ မြင်းခြံခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်နှင့်ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြများဖြစ်ကြသော ဦးဝင်းလှိုင်ငြိမ်း၊ ဦးဇော်အောင်ထက်၊ တောင်သာမြို့နယ်ပါတီဥက္ကဌ ဦးသိန်းညွန့်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးခေါင်းဆောင်များ၊ သင်တန်းသား/သူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်သင်တန်းနည်းပြများမှဆက်လက်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
#ပြည်ခိုင်ဖြိုး
#မန္တလေးတိုင်းဒေသကြီး