
====================
တောင်ကြီး အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးသောင်းအေးသည် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်အတူ ပြည်နယ်ပါတီကော်မတီဝင်များ၊ ပြည်နယ်အရံပါတီကော်မတီဝင်များ၊ တောင်ကြီးခရိုင်၊ကလောခရိုင်တို့မှ ဥက္ကဋ္ဌများ၊ပြည်ခိုင်ဖြိုးပါတီမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့မှ ဥက္ကဋ္ဌများနှင့် တောင်ကြီးမြို့နယ်မှ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၇-၁၀-၂၀၂၆ ရက်နေ့ နံနက် (၁၀)နာရီတွင် အင်အား (၆၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။







