ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဗစ်တိုးရီးယား အဇာရင်ကာက ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း ပြောကြားပါတယ်။ အဇာရင်ကာက မိသားစုအခြေအနေကြောင့် ယူအက်စ်အိုးပင်းမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ဘူးလို့ ဆိုပါတယ်။ ဘီလာရုစ်တင်းနစ်မယ် အဇာရင်ကာဟာ ယမန်နှစ် ဒီဇင်ဘာလအတွင်း သားဖြစ်သူကို မွေးဖွားခဲ့ပြီးနောက် ဇွန်လမှာ တင်းနစ်ပြန်ကစားခဲ့တာ ဖြစ်ပါတယ်။





