
ကမ္ဘာ့အဆင့်(၁) ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်ဟာ အီတလီအိုးပင်းပြိုင်ပွဲမှာ အနိုင်ရ ပြီးနောက် ကစားသမားဘဝ (၃၆)ခုမြောက် မာစတာချန်ပီယံဆုကို ရခဲ့ပါတယ်။ တနင်္လာညက ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်နဲ့ အာဂျင်တီးနားနိုင်ငံသား ရှဝက်မန်တို့ ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။









