
၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆု၊ ကွင်းလယ်ဖန်တီးရှင်ဆုနှင့် အကောင်းဆုံးသွင်းဂိုးဆုတို့ ရရှိထားသော လီဗာပူးလ်တိုက်စစ်မှူး ဆာလာသည် ပရိသတ်များရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆု(PFA Premier League Fans’ Player of the Year)ကို တနင်္လာနေ့က ထပ်မံရရှိခဲ့ကြောင်း သိရသည်။ ယင်းဆုမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(PFA)မှ ဆန်ခါတင်စာရင်းထုတ်ပြန်ပေးပြီး ပရိသတ်များက မဲပေးရွေးချယ်ရခြင်းဖြစ်သည်။









