
ထိုင်းနိုင်ငံ၊အူဘွန်ရတ်ချဌာနီမြို့၌ ဇူလိုင် ၂၆ ရက်ကစတင်၍ ကျင်းပလျက်ရှိသည့် အကြိမ် ၂၀ မြောက် အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲ၌ မြန်မာတက္ကသိုလ်အသင်း၏ ပထမဆုံးရွှေတံဆိပ်ဆုအား ဝူရှူးအားကစားနည်းမှ စတင်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေတံဆိပ်ဆုအား သြဂုတ် ၄ ရက်ကကျင်းပသည့် ဝူရှူးပြိုင်ပွဲ၏ ပွဲစဉ် ၄ အမျိုးသမီးထိုက်ချိချွမ်ပြိုင်ပွဲတွင် မမြတ်နိုးအိမ် ကရမှတ် ၉ ဒသမ ၆၅ မှတ်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။








