
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာကျင်းပနေတဲ့ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဩစတြေးလျ တင်းနစ်သမား နစ်ကီရီရော့စ် က လက်ရှိ ယူအက်စ်အိုးပင်း ချန်ပီယံနဲ့ ကမ္ဘာ့နံပါတ်တစ် ရုရှားကစားသမား မက်ဗီဒက်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။
ပွဲငယ်လေးပွဲနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နစ်ကီရီရော့စ် ၂၇ နှစ်က သူ့ရဲ့တင်းနစ်စွမ်းရည်တွေနဲ့ အူကြောင်ကြောင် နိုင်တာတွေအားလုံးကိုပြသခဲ့ပြီး ၇-၆(၁၃-၁၁)၊၃-၆၊ ၆-၃ ၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။







