

နမ့်စန် ဩဂုတ် ၈
နမ့်စန်ခရိုင်ပါတီ အတွင်းရေးမှူး ဦးလင်းအောင်ဆွေနှင့် ခရိုင်ပါတီ ကော်မတီဝင်များ ၊ မြိုနယ်ပါတီ အတွင်းရေးမှူး ဒေါ်နန်းစိန်ညွန့်နွယ်နှင့်မြိုနယ်ပါတီ ကော်မတီဝင်တိုသည် ယနေ့ ညနေတွင်အမှတ်-၅ ကျေးရွာအုပ်စု၊ အမှတ်-၄ ကျေးရွာရှိ ပါတီဝင်ဟောင်းဦးစန်းဦး နေအိမ်တွင် ကျေးရွာအတွင်းရှိ ပါတီဝင်ဟောင်းများ ပါတီဝန်းရံလူငယ်များဖြင့် တွေ့ဆုံပြီး ပြည့်မဏ္ဍိုင်လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊အမှတ်-၄ ကျေးရွာနေ ခရိုင်ပါတီ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးဝင်းမောင်၏ သားဖြစ်သူ မောင်အေးချမ်းအောင် (၂၀၂၃ခုနှစ် ပြည်နယ်နှင့်တိုင်း ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော ရှမ်းပြည်နယ် လက်ရွေးစင် ဗိုဗီနမ်အားကစားသမား)အား ဂုဏ်ပြုဆုချီးမြင့်ပေးခဲ့ပါသည်။ အဆိုပါ ပြည့်မဏ္ဍိုင်တွေ့ဆုံပွဲသို ပါတီဝင်ဟောင်း(၂၂)ဦးနှင့် ပါတီဝန်းရံ လူငယ်(၁၁)ဦး စုစုပေါင်း(၃၃)ဦး တက်ရောက် ဆွေးနွေးကြကြောင်း သိရှိရပါသည်။















