
လှိုင်သာယာ စက်တင်ဘာ ၁၇
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ခရိုင်/မြိုနယ်/မြိုနယ်ပါတီကော်မတီဝင်များသည်မသန်စွမ်းသူများတွေ့ဆုံပွဲနှင့်ပတ်သတ်၍လုပ်ငန်းညှိနှိင်းအစည်းအဝေးကိုတိုင်းပါတီဥက္ကဌဦးခင်မောင်စိုး၏ညွှန်ကြားချက်အတိုင်းလှိင်သာယာမြိုနယ်ပါတီရုံးတွင်နံနက်(၁၀:၀၀)ချိန်မှ(၁၁:၄၅)ချိန်ထိခရိုင်အတွင်းရှိပါတီဝင်များနှင့်ပြုလုပ်ခဲ့သည်။အစည်းအဝေးတွင်အင်းစိန်ခရိုင်ပါတီဥက္ကဌဦးမင်းသူထွန်းမှလုပ်ငန်းစီမံချက်အတိုင်းဆပ်ကော်မတီဖွဲစည်းမှုအလိုက်အသေးစိတ်ဆောင်ရွက်ရမည်များကိုမှာကြားဖြည့်ဆည်းညှိနှိင်းဆောင်ရွက်တာဝန်ပေးအပ်ခဲ့သည်။ထိုနောက်ဌာနချုပ် ဒုတိယ ဥက္ကဌ အား တင်ပြနိုင်ရေးpower point ပြင်ဆင်ထားရှိမှုနှင့်တင်ပြချက်များအားအင်းစိန်မြိုနယ်ဥက္ကဌ၊လှိင်သာယာ(အရှေ့ပိုင်း)မြိုနယ်ဥက္ကဌနှင့်လှိင်သာယာ(အနောက်ပိုင်း)မြိုနယ်ပါတီဝင်များကတင်ပြရာ တင်ပြချက်များကိုခရိုင်ဥက္ကဌကအသေးစိတ်စစ်ဆေးပြီးလိုအပ်ချက်အနည်းငယ်အားထပ်မံလမ်းညွှန်ပေးခဲ့သည်။ထိုနောက်အင်းစိန်ခရိုင်ဥက္ကဌသည်လှိင်သာယာ(အရှေ့ပိုင်း)မြိုနယ် ဥက္ကဌ ဦးကြည်စိုးနှင့်မြိုနယ်ပါတီကော်မတီဝင်များနှင့်အတူ မသန်စွမ်းသူများတွေ့ဆုံပွဲနေရာတွင်လှူဒါန်းရန်ပစ္စည်းများထားရှိမှုနှင့်တွေ့ဆုံပွဲနှင့်ပတ်သတ်၍လိုအပ်ချက်မရှိစေရေးအသေးစိတ်သွားရောက်ကြည့်ရှုခဲ့ကြသည်။
==========================
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ခရိုင်/မြို့နယ်နှင့် မြို့နယ်ပါတီကော်မတီဝင်များအပတ်စဉ်လုပ်ငန်းညှိနှိင်းအစည်းအဝေးနှင့်မသန်စွမ်းသူများတွေ့ဆုံပွဲအတွက် အသေးစိတ်ညှိနှိင်း အစည်းအဝေးပြုလုပ်





























