မန္တလေးတိုင်းဒေသကြီးရမည်း သင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရပ်/ကျေးအုပ်စု စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၏ (ခရိုင် အဆင့်)နှုတ်မှုစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့က ရမည်းသင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးရမည်း သင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရပ်/ကျေးအုပ်စု စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၏ (ခရိုင် အဆင့်)နှုတ်မှုစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့က ရမည်းသင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယခုလ ၂၂ရက် မွန်းတည့် ၁၂ နာရီက စဥ့်ကိုင်မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ကျောက်ဆည်ခရိုင်ပါတီကော်မတီနှင့် ကျောက်ဆည်ခရိုင်အတွင်း ရှိ မြို့နယ်လေးမြို့နယ်မှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး မှာကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက် ၁၁ နာရီတွင် ကသာခရိုင် ကောလင်းမြို့နယ်ပါတီရုံး၌ ကျင်းပသော ကသာခရိုင် ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ် ပါတီကော်မတီဝင်များ၊အရန်ကော်မတီဝင်များ၊မြို့နယ်အတွင်းရှိ ရပ်/ကျေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မွန်ပြည်နယ်ပါတီအတွင်းရေးမှူးသည် ယမန်နေ့ နံနက် ၁၁ နာရီက ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ ၌မော်လမြိုင် ခရိုင် ချောင်းဆုံမြို့နယ်မှ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်းရုံးရေးမှူး များအားတွေ့ဆုံကာ ရှေ့ဆက်လုပ် ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီ၊ မန္တလေးခရိုင် ပါတီကော်မတီနှင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လစ်လပ်နေသော ပါတီကော်မတီဝင်နှစ်ဦးအတွက် အစားထိုးရန် ကြားဖြတ်ရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင် ဖြိုးပါတီကော်မတီရုံးတွင်ကျင်းပရာ ရွေးချယ်ပွဲသို့ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးသာဝင်းနှင့် ကြားဖြတ်ရွေးချယ်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပဏာမရွေးချယ်ခံ အသက်(၃၅နှစ်)အောက်ဘွဲ့ရ မြို့နယ်ကော်မတီဝင်လေးဦးတက်ရောက်ကြသည်။
၂၃.၈.၂၀၁၇ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ကျင်းပသော သတင်းမီဒီယာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ၂း၃၀နာရီအချိန်တွင် ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီ ဦးစိန်လေးမောင်မှ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်ပါတီကော်မတီဝင် ဦးမိုးစည်သူမှ ပေးအပ်ပြီး သင်တန်းသားတစ်ဦးမှ လက်ခံရ ယူသည်။
သင်တန်းသို့ ရှမ်းတောင်၂၁ မြို့နယ်မှ သင်တန်းသား/သင်တန်းသူ ၄၂ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ရှမ်း/ရှေ့)နယ်မြေ တာဝန်ခံ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီများ၊ မြို့မိမြို့ဖများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို ရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက် ၁၁ နာရီတွင် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပါတီရုံး၌ ကျင်းပသော ကန့်ဘလူ ခရိုင်နှင့် ကန့်ဘလူမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍အကျယ်တဝင့်ဆွေးနွေး ညှိနှိုင်းသည်။
မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကျင်းပပြုလုပ်သော ရပ်ကျေးပါတီကော်မ တီဝင်များ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉း၃၀နာရီအချိန်တွင် ကျင်းပရာ တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးမြတ်သူ၊ ဦးတင့်လွင်ဦး နှင့် ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်နှင့် ကော်မတီဝင်များ၊ မြို့နယ်နှင့် ရပ်ကျေးကော်မတီဝင်များ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် တိုင်းကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံနှင့် ခရိုင်ပါတီ ဥက္ကဌတို့မှ အမှာစကားပြောကြားပြီး ပြိုင်ပွဲများ စတင်ကျင်းပခဲ့ပါသည်။