ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကို (၂၈.၈.၂၀၁၇) ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယင်းအစည်းအဝေးသို့ တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းနှင့် တိုင်းပါတီ ကော်မတီဝင် ဒေါက်တာ ထိန်ဝင်း၊ ဒေါ်ခင်စောမူ၊ ဒေါ်နွယ်နွယ်ဦး၊ ပုသိမ် ခရိုင်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ပုသိမ်ခရိုင်အတွင်းရှိ (၇)မြို့နယ်မှ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ စုစုပေါင်းအင်အား (၅၀)ဦး တက် ရောက်ခဲ့ပါသည်။
