ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ အလှူ လုပ်အားဒါနပြုလုပ်

 

ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ မြဉ္ဇူလေးဆူရှင်းမြတ်စွာဘုရား ဗြဟ္မဝိဟာရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး သက်တော်၈၈နှင့် သိက္ခာတော်(၆၆)ဝါ၏ အန္တိမဈာပနသို့ ပြင်ဦးလွင်မြို့ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ်(၁)သိန်းလှူဒါန်းပြီး ဆီထမင်းနှင့်​အကြော်အလှူဒါနပြု သန့်ရှင်းရေးလုပ်​အားဒါနပြုလုပ်ပြီးကုသိုလ်ယူခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


စလင်းမြို့နယ်​ပြည်ခိုင်ဖြိုးပါတီမှ လူငယ်​​တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

မ​ကွေးတိုင်း​ဒေသကြီး စလင်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လူငယ်​​တွေ့ဆုံပွဲအခမ်းအနားကို ယ​နေ့ နံက်​(၁၀း၀၀) နာရီတွင်​ စလင်းမြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​ခဲ့ရာ
အခမ်းအနားသို့ တိုင်းပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊တိုင်း​လူငယ်​​ရေရာတာဝန်​ခံ၊ တိုင်း​ကော်​မတီဝင်​ ဦး​ကျော်​သူဦးဦး​အောင်​နိုင်​၊ မင်းဘူးခရိုင်​​ကော်​မတီဝင်​များ၊ မင်းဘူးခရိုင်​အတွင်း  မြို့နယ်​များမှ လူငယ်​တာဝန်​ခံများ၊ပွင့်​ဖြူ စလင်းမြို့နယ်​တို့မှ ပါတီဥက္ကဌများနှင့်ကော်မတီဝင်​များ၊ လူငယ်​အဖွဲ့ဝင်​များ တက်​​ရောက်​​ဆောင်​ရွက်​လျက်​ရှိကြောင်း သိရသည်။

လမ်းမတော်ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကြာရွတ်ဖတ်ပူဇော်

 

လမ်းမတော်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ညနေ(၆း၀၀)နာရီအချိန်တွင်လမ်းမတော်မြို့နယ် အမှတ်(၁၁)ရပ်ကွက်(လမ်းသစ်ရိပ်သာအိမ်ရာ)အတွင်းရှိ ဓမ္မာရုံ၌ လမ်းမတော်မြို့နယ်အမျိုးသမီးဝတ်အဖွဲ့နှင့်အတူ ပြည်ခိုင်ဖြိုးပါတီများအား အလှူ ရှင်ဦးမင်းမင်းထွန်းမြတ်တို့မှ အဟာရဒါနအဖြစ်ရေသန့် နှင့်မုန့်မျိုးစုံ လှူ ဒါန်းခြင်းပြီး ဓမ္မစကြာပါဌ်နိသယနှင့် အနတ္တလက္ခဏသုတ်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)


မြို့နယ်အမျိုးသမီးရေးရာအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း

 

ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နေလည် ၃း၀၀နာရီအချိန်က မိခင်နှင့်ကလေးအဖွဲ့ဝင် သစ်များအားဝတ်စုံပေးအပ်ခြင်းနှင့် ပုဇွန်တောင်    မြို့နယ် မိခင်နှင့်ကလေး ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်နှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။

အေးအေးဝင်း (ပုဇွန်တောင်)


ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းအား ကြိုဆိုကြောင်း ကြံ့ခိုင်ရေးပါတီပြော

 

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက်က ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ကြိုဆိုတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

နေပြည်တော်မှာ နိုင်ငံတကာသံတမန်တွေဖိတ်ကြားပြီး ပြောဆိုခဲ့တဲ့ မိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့ ဒေသငြိမ်းချမ်းရေးနဲ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို နိုင်ငံတကာက နားလည်အောင်အဓိက ရည်ရွယ်ပြီး ပြောဆိုသွား တယ်လို့ နားလည်ကြောင်း သူက ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ် သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ

 

၁၉.၉.၂၀၁၇ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် “သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ´´ ကို ယနေ့နံနက် ၉း၀၀ နာရီအချိန် တွင် ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှကြိုင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူနှင့်ကော်မတီဝင်များ၊ ဒုမြို့နယိ        အုပ်ချူပ်ရေးမှူး၊ တိုင်းသမဦးစီးမှူးနှင့် တိုင်းခရိုင်မြို့နယ်သမနှင့် အခြေခံသမအသင်း (၁၈၀) မှ အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၅၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

ရပ်စောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

ယမန်နေ့(၁၈.၉.၂၀၁၇)ရက်နေ့တွင် ရပ်စောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးအောင်ထွန်း၊ဗဟိုပါတီကော်မတီဝင် ဦးခင်မောင်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးမောင်မောင်လွင်တို့မှ ဟွှေးကျေးရွာအုပ်စု ရေဖြူ ကျေးရွာမှ ပါတီအဆင့်ဆင့်ခေါင်းဆောင်များ၊ အမာခံပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ပါတီဝင်အင်အား (၁၃၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

USDP – Yatsauk


မအူပင်ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

 

မအူပင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ယမန်နေ့(၁၈-၉-၂၀၁၇)ရက်​​နေ့ နေ့လည် (၂း၀၀)နာရီအချိန်​တွင် ဧရာဝတီတိုင်းပါတီ​ကော်​မတီဝင်၊​ မအူပင်​ခရိုင်​တာဝန်​ခံ ဦးသန်းထွန်း၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​စော​သောင်းဒန်​ ၊ပါတီအတွင်း​ရေး​မှူး ဦးတင်​၀င်း ၊ပါတီ​ကော်​မတီဝင်​များ အရန်​​ကော်​မတီဝင်​များနှင့့်ပတီ၏​ရှေ့လုပ်​ငန်းစဉ်​များ ညှိနိုင်း​ဆွေး​နွေးကြကြောင်း သိရသည်။

Thein Lwin


မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့်မနောသုခသွေးလှူရှင်များစုပေါင်း ဓမ္မစကူးလ်ကျောင်းသားကျောင်းသူများအား တီရှပ်အင်္ကျီလှူဒါန်း

 

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနား မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မနော သုခသွေးလှူရှင်များ စုပေါင်း၍ ဓမ္မစကူးလ်ကျောင်းသားကျောင်း သူများအား တီရှပ်အင်္ကျီလှူဒါန်းခဲ့ ကြောင်း သိရသည်။
အမျိုး၊ဘာသာ၊သာသနာစောင့် ရှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့်ဓမ္မ စကူးလ်သင်တန်းများကို နိုင်ငံ တစ်ဝန်း၌ အပတ်စဉ်တနင်္ဂနွေနေ့ တိုင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ဓမ္မစကူးလ်တံဆိပ်ရိုက်နှိပ်ထားသော တီရှပ်အင်္ကျီများကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မနောသုခသွေး လှူရှင်နှင့်လူမှုရေးအဖွဲ့များက စုပေါင်း၍လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ              ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ထောင်စုနယ်မြေနှင့်ခရိုင်၊ မြို့နယ်များအစည်းအဝေးကျင်းပ ခဲ့သည်။