သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဓမ္မစင်္ကြာတရားဒေသနာတော် ရွတ်ဆို ပူဇော်

 

၂၀.၉.၂၀၁၇ ရက်​နေ့ ည​နေ ၄း၀၀ နာရီအချိန်မှ ၅း၀၀ နာရီအချိန်ထိ သံတွဲ မြို့နယ်​ သာသနာ့ဗိမ္မာန်​​ပေါ်တွင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်​.၊ ဘဏ္ဍာရေးမှူး ဦးရဲမြင့်​၊ အမျိုးသမီး​ရေးရာနှင့်​  လူငယ်​​ရေးရာ ပါတီဝင်​ ၂၅ ဦး တို့သည်​ ဓမ္မစင်္ကြာတရား​ဒေသနာ​တော်​ကို ကုသိုလ်​ပြု ရွတ်​ဆိုခဲ့ကြပါ သည်။


အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ​​အဟာရဒါနကုသိုလ်​ပြုလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ (၁၃း၀၀)အချိန်​တွင်​ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့်​​ကော်​မတီဝင်​များ၊ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ပါတီ​ကော်​မတီအဖွဲ့တို့သည်​ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ရှိ အမှတ်​(၁)ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်းသို့သွား​ရောက်​၍ ဆရာ/ဆရာမများနှင့်​ ​ပညာသင်​ကြား​နေကြ​သော​ကျောင်းသား/သူ(၄၀၀)​ကျော်​အား အဟာရဖြစ်​​စေရန်​အတွက်​ နွားနို့နှင်​​ပေါင်​မုန့်​များ​ဝေငှကုသိုလ်​ပြုခဲ့ကြပါသည်​။

Zaw Aung Htet


ပြည်ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

 

ပြည်တောင်တန်းတောရကျောင်းဆန်လှူအသင်းကြီး၏ ( ၃၆ )ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်တော် (၃၆ )အိတ်ကို ပါဝင်လှူဒါန်းခဲ့ပြီး လုပ်အားဒါနများကိုပါ အခြားအဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Moe San’


ပြည်ခိုင်ဖြိုးပါတီမှ ဝါတွင်းကာလပြုလုပ်နေကျ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲတွင် ပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ ရွတ်ဖတ်ပူဇော်

 

 

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့တိုင်း ပြုလုပ်နေကျဖြစ်သော ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ပွဲကို ယနေ့ ၁၃၇၉ ခုနှစ် (သာသနာနှစ် ၂၅၆၁ ခုနှစ်)၊ တော်သလင်း လကွယ်နေ့ ညနေ ၅ နာရီက ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ရုံးဝင်းအတွင်းရှိ ရွှေစေတီငွေစေတီတော် ဓမ္မာရုံ၌ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ် ပြည်နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

၂၀.၉.၂၀၁၇ ရက်နေ့ နံနက် (၁၀း၁၅) နာရီအချိန်မှ နေ့လည်(၁း၀၀) နာရီအချိန် အထိ ကယားပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်တွင် ပြည်နယ်ပါတီ   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် “အကြမ်းဖက်ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမှုများ ပြည်တွင်းရေးကို ၀င်ရောက်စွတ်ဖက်မှုများမှ ကန့်ကွက်ပွဲနှင့် အကြမ်းဖက်မှု ရှူတ်ချပွဲကြီး´´အား ကယားပြည်နယ်အတွင်း ကျင်းပပြုလုပ်နိုင်ရန်အတွက် အသေးစိတ် ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်တွင် ရခိုင်အရေး ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြည်ထောင်စုနယ်မြေမှ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် စက်တင်ဘာ လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ပုံ fb

ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပပြုလု

 

ကန်ကြီးထောင့်မြို့နယ် ထိန်တောကြီးအုပ်စု မိကျောင်းသိုက်ကျေးရွာတွင်လူငယ်တွေ့ဆုံပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာအုပ်စုတွင်း လူငယ်(150)နှင့်မြောင်းမြလူငယ်(25)ပါဝင်ခဲ့ကြပြီး မြို့နယ်ပါတီကော်မတီဝင်ဦးဝင်းထွန်းကဦးဆောင်ကာပါတီဝင်လူငယ်များ တက်ကြွစွာ ပါဝင်ဆင်နွဲ့ခဲ့ကြကြောင်း သိရသည်။

USDP Ayeyarwady Region News


ဗြိတိသျှသံရုံးမှ နိုင်ငံရေးအရာရှိ ရှမ်း/မြောက် ပြည်ခိုင်ဖြိုးပါတီနှင့် လာရောက်တွေ့ဆုံ

 

ဗြိတိသျှသံရုံးအရာရှိ Miss Lol Ram Muani သည် ရှမ်း/မြောက်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်နယ်ရုံး ဧည့်ခန်း၌ (၂၀-၉-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)မှ (၁၁း၀၀)နာရီထိ လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းပါသည်။

ထိုသို့ တွေ့ဆုံမေးမြန်းရာ၌ –

– ၂၀၁၅ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အများဆုံး အောင်နိုင်ခဲ့မှုအတွက် မည်ကဲ့သို့ ဆောင်ရွက်ခဲ့သနည်း။

မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးပါတီခေါင်းဆောင်များ ဆွေးနွေးပွဲပြုလုပ်

 

မြိုင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဥက္ကဌ ဦး​အောင်​နိုင်​၊အတွင်း​ရေးမှူး ဦးထိန်​လင်းနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များသည်​ ၂၀၁၇ခုနှစ်​စက်​တင်​ဘာလ (၁၉ )ရက်​​နေတွင်​ ပါတီစည်းရုံး​ရေးနယ်​​မြေ (၃) စုရပ်​ဇုံ (၅)​တောင်​တိုင်​​ကျေးရပ်​​ကျေးစည်းမှူး ဦးဖိုးထွန်း​နေအိမ်​တွင် ​​ရပ်​​ကျေးပါတီ​ခေါင်း​ဆောင်​များနှင့်တွေ့ဆုံ၍ (၂၀၂၀ )​အောင်​နိုင်​​ရေး​​ဆွေး​နွေးအ​ဖြေရှာခြင်း ၊ ​ကော်​မတီများကျစ်​လစ်​ ခိုင်​မာ​စေ​ရေး​ဆွေး​နွေးခြင်းအား​နေ့လည်​ ၂နာရီမှ ၄နာရီအထိဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

မိုးကောင်းပြည်ခိုင်ဖြိုးပါတီ နောင်ကိုင်တော်ရပ်ကွက် ဆုတောင်းပြည့် စေတီတော် လုပ်အားပေးပြုလုပ်

 

ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီတော် ဆုတောင်းပြည့်ဘုရားဝန်းတွင် အမှိုက်များ၊ မြက်များကို စက်တင်ဘာ၁၉ နံနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်းမြို့  ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် ဦးမြင့်စိုး၊ ဦးငွေရှိန်း၊ ဦးသန်းစိုး ၊ ဒေါ်အေး၊ နောင်ကိုင်တော်ရပ်ကွက် စည်းရုံးရေးမှူး ဦးသာအောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီရေးရာအဖွဲ့များ၊ ဒေါ်ခင်ပို၊ ဒေါ်လတ်တို့ ဦးစီးပြီး နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီ ဆုတောင်းပြည့်ဘုရား ပန်းအိုးထိုးခြင်း၊ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များကို ရှင်းလင်းခြင်း ၊ မြက်များကို စက်များဖြင့် ပြုလုပ်လျက်ရှိပါသည်။