မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အကြိုလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့နံနက်တွင် ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့ ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အကြိုလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့နံနက်တွင် ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့ ကြောင်း သိရသည်။
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ ၀၉၃၀ နာရီတွင် မကွေးတိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊ ခရိုင်ပါတီကော်မတီတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌ
ဦးအောင်သိန်းကျာ်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးအုပ်စုပါတီဥက္ကဌများ၊ လူငယ်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ
တက်ရောက်ခဲ့ကြပြီး သဘာပတိ ဦးထွန်းရှိန်၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်တို့မှ အမှာစကားပြောကြားခြင်း၊ ပါတီဝင်လူငယ်နှစ်ဦးမှ လူငယ်ကဏ္ဍဆိုင်ရာခေါင်းစဉ်အသီးသီးဖြင့် ဖတ်ကြားတင်ပြုခြင်းတို့ ဆောင်ရွက်ကြပြီး အခမ်းအနားကို ခေတ္တရပ်နားခဲ့ပါသည် ။
တောင်သာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တောင်သာမြို့နယ်၊ ရဘဲကျေးရွာ ဧပြီလ(၁၉) ရက်နေ့ ည (၁၁) နာရီချိန်တွင် မီးလောင်မှုကြောင့် လူနေအိမ် (၇) လုံး မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့ပါသည်။ ထိုမီးလောင်မှုတွင် ပျက်ဆီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၇) စုတို့အား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထိုအိမ်ထောင်စု (၇) စုကို တစ်အိမ်ထောင်လျှင် ငွေ (၃၀၀၀၀ိ-) ကျပ် တောင်သာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇော်ဦး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါ ဥက္ကဌများမှပေးအပ်ခဲ့ပြီး တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပါသည်။
တဆက်ထဲ မြင်းခြံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ တစ်အိမ်ထောင်လျှင် (၁၀၀၀၀ိ-)ကျပ် ကို မြင်းခြံမြို့နယ်ပါတီ ဘဏ္ဍရေးမှူး ဦးကျော်ကျော်ဦးမှ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူတစ်ဦးမှလက်ခံ ရယူခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီးမြိတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သောမြို့နယ်အဆင့်လူငယ်ညီလာခံ အကြိုလူငယ်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၈နာရီခွဲတွင် မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေး ခန်းမ၌ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လက်တလောဖြစ်ပျက်နေသည့် လစာတိုးမြှင့်ခြင်းကိစ္စ၊ NVC ကတ်ကိစ္စနှင့် ငြိမ်းစုစီအရေးကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲအခမ်းအနားအား ရန်ကုန်မြို့ရှိ ပါတီရုံးတွင် ယနေ့နံနက် ၉နာရီ ၃၀ မိနစ်အချိန် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဗဟိုအလုပ်မှုဆောင် ဦးလှသိန်း၊ ဒေါက်တာပွင့်ဆန်း ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ဦးသိန်းထွန်းဦးတို့် တက်ရောက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်မောင်၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးမြတ်သူ၊ ဦးကျော်စန်း၊ ပြင်ဦးလွင်ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်စံပယ်ဝင်းနှင့်ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ်ပါတီအတွင်းရေးမှူး ဦးညွန့်သောင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့များသည် (၁၀.၄.၂၀၁၈)ရက်နေ့ (၁၃း၀၀)အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ရွာရှိ ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်းသို့သွားရောက်ပြီး နှစ်သစ်အကြိုအထိမ်းအမှတ်အဖြစ် ပြည်ခိုင်ဖြိုးပါတီဝင်များမှ စုပေါင်းလှူဒါန်းသော အလှူငွေ(၁၀)သိန်းကျပ်နှင့်သင်္ကန်းခြင်းအား ဆရာတော်ဦးမင်္ဂလထံဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်မှဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
#ပြည်ခိုင်ဖြိုး
#မန္တလေးတိုင်းဒေသကြီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိုင်းခတ်မြို့နယ် လူငယ်အကြိုညီလာခံနှီးနောဖလှယ်ပွဲအခမ်းအနားကို ဧပြီလ(၁၀)ရက်နေ့ နံနက်(၉:၃၀)ချိန်တွင် မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းမုန့် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစဲကီကော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲ၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်သုလွင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်၊၊ ရှေ့ဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းမုန့်က အမှာစကားပြောကြားပြီး၊ လူငယ်တာဝန်ခံကိုယ်စား မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်သုလွင်မှ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းပြခဲ့ပါသည်။