မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌတာဝန်များ ကွင်းဆင်း ပေးအပ်လျက်ရှိရာ ယမန်နေ့ ညပိုင်းက အုန်းတော(၂)ရပ်ကွက် ပါတီ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌတာဝန်များ ကွင်းဆင်း ပေးအပ်လျက်ရှိရာ ယမန်နေ့ ညပိုင်းက အုန်းတော(၂)ရပ်ကွက် ပါတီ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲကျင်းပခဲ့သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်ပြည် ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ခရိုင်ပါတီကော် မတီဝင်များ၊ မြို့နယ် ၁၃ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်း သိရ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အကြို မြို့နယ်အဆင့် လူငယ်တွေ့ ဆုံပွဲကို ယမန်နေ့နံနက်၁ဝနာရီက ကချင်ပြည်နယ် မိုးကောင်းမြို့ အရှေ့ရပ်ကွက်ရှိ မိုးကောင်းမြို့ နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရုံး၌ကျင်းပရာ ရှေးဦး စွာတက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်း များဆောင်ရွက်ကြပြီး သဘာပတိ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌဦးထွန်း ထွန်းအောင်က အမှာစကားပြော ကြားသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်လှည်း ကူးမြို့နယ် အနန့်ဘိုကုန်းကျေးရွာ ရှိ(၁၅)မိုင်ရွှေပြည်အေးစေတီတော် ရင်ပြင် ဂေါပကရုံးခန်းမ၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဦးဆောင်ပြုလုပ်သော
‘ဖြိုးစေတနာ’နယ်လှည့်အထွေထွေရောဂါအခမဲ့ဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော် မတီဝင် ဒေါက်တာနေလင်း၊ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာ ရေးမှူး ဦးကြည်စိုး၊ ခရိုင်ကော်မတီဝင် ဦးဝင်းစိုး၊ လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် ကော်မတီဝင်များ၊ ဆရာဝန်၊ သူနာပြု ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့မှ အနီး ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကို ကဆုန်လပြည့်နေ့၌ ကုသိုလ်ဖြစ် အခမဲ့ဆေးဝါးကုသမှုကို ယနေ့နံနက် ၉ နာရီမှစတင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။