တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူတွေဟာ အိမ်မှာ ခွေး၊ ကြောင်တွေကို မွေးလေ့ရှိတဲ့အပြင် တယုတယနဲ့ အတူတူ အိပ်စက်တတ်သူတွေလည်း ရှိတဲ့အတွက် အိမ်မွေးတိရစ္ဆာန်ချစ်သူတွေ ကျန်းမာရေးအတွက် သတိပြုရမယ့် အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။
ကြက်သွန်နီရဲ့ အလှအပဆိုင်ရာလျှို့ဝှက်ချက်
ကြက်သွန်နီဟာ ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ ရတနာတစ်ပါးလို အကျိုးပြုတယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ ကြက်သွန်နီဟာ အခွံနွှာတုန်းပဲ ဖြစ်ဖြစ်၊ လှီးတဲ့အခါပဲဖြစ်ဖြစ် မွှန်ထူပြီး မျက်ရည်ဝဲရသလို စားရင်လည်း ခံတွင်းအနံ့ဆိုးစေတာကြောင့် အလှအပနဲ့ ဆက်စပ်နေတယ်လို့ ဘယ်သူမှ ထင်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အလှအပအတွက် ဘာတွေ အကျိုးပြုသလဲဆိုတာ လေ့လာ ကြည့်ရအောင်ပါ။
တွဲဖက်မစားသင့်တဲ့ အစားအစာများ
တွဲဖက်စားသုံးလိုက်ရင် ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ အစားအသောက်ပေါင်းစပ်မှုတွေ ရှိပါတယ်။ အဲဒီအစားအသောက်တွေဟာ အစာခြေဖျက်မှုစနစ်ထဲ ရောက်သွားလို့ ပုံမှန်အစားအစာတွေနဲ့ ထိတွေ့တဲ့အခါ ဒြပ်ပေါင်းအဖြစ် ပြောင်းသွားကြပြီး ကသိကအောက် ဖြစ်စေနိုင်ပါတယ်။
ပန်းသီး စားသုံးခြင်းဖြင့် ရရှိသော ကောင်းကျိုး (၁ဝ) ချက်
တစ်နေ့ ပန်းသီး တစ်လုံးစားလျှင် ဆရာဝန်ပင် မလိုဟု အနောက်တိုင်း ဆိုရိုးရှိသည်။ သို့ရာတွင် ပန်းသီးမှ ရရှိသော ကောင်းကျိုးများ ကိုမူ တိကျစွာ မပြောနိုင်ပေ။ အောက်ဖော်ပြပါ အချက်များသည် ပန်းသီး စားသုံးခြင်း၏ ဆိုရိုးကို ထောက်ခံသော ရလဒ်များပင်ဖြစ်သည်-
သွေးသန့်စေတဲ့ နေကြာစေ့
ရုပ်ရှင်ရုံထဲကို ၀င်တော့မယ်ဆိုရင် ရုပ်ရှင်ကြည့်ရင်းစားဖို့ နေကြာစေ့ထုပ်လေးတစ်ထုပ်တော့ ပါတတ်စမြဲပါပဲ။ အခွံလေးခွာလိုက်၊ စားလိုက်နဲ့ တစ်ခါတစ်လေ တစ်ထုပ်လုံး ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ရတာမျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့်လည်း ခုဆိုရင် အခွံခွာစရာမလိုတဲ့ အသင့်စားနေကြာစေ့ အထုပ်လေးတွေ တောင် ဈေးကွက်ထဲ နေရာယူလာကြပါပြီ။ နေကြာစေ့ဟာ မောပန်းနွမ်းလျခြင်း၊ ခြေလက်တွေကိုက်ခဲခြင်း၊ အအေးလွန်ကဲစေခြင်း စသည့် သွေးလည်ပတ်မှုနဲ့ သက်ဆိုင်တဲ့ ရောဂါပြဿနာတွေ ကုသရာမှာ ကူညီပေးပါတယ်။
ဗီတာမင် စီရဲ့ အလှအပအပေါ် အကျိုးပြုပုံ ငါးချက်
ဗီတာမင်စီအကြောင်းကို အချိန်အနည်းငယ်ပေးပြီး ဖော်ပြပါဦးမယ်။ ဗီတာမင်စီဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက် ဘာကြောင့်များ အရေးတကြီးလိုအပ်ရတာလဲ။ အထူးသဖြင့်တော့ အန်တီအောက်ဆီးဒင့် ဓါတ်တွေက ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိနေအောင် ပူးကပ်ပေးထားတဲ့ ကော်လို ဂုဏ်သတ္တိ နဲ့တူပါတယ်။
အသည်းကျန်းမာစေဖို့ မနက်တိုင်း သင်သောက်သင့်တဲ့ ဖျော်ရည် (၃) မျိုး
၁ – ဆီးဖြူသီး
ဆီးဖြူသီးဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်တွေကို ဖယ်ရှားပေးပြီး အသည်းပျက်စီးခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ မနက်စာမစားခင် ပျားရည်နဲ့ရောပြီး ဖျော်ရည်လုပ်သောက်သင့်ပါတယ်။
၂ – မုန်လာဥနီ
မုန်လာဥနီကိုလည်း မနက်တိုင်း တစ်နေ့တစ်ခွက် သောက်သင့်ပါတယ်။ betaine ဓာတ်ပါဝင်ပြီး အသည်းကို ကာကွယ်ပေးကာ သည်းခြေရည်ထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။
အရိုးကျည်းပေါင်းကို ကာကွယ်ပေးနိုင်တဲ့ ပေါက်ပန်းဖြူ
ပေါက်ပန်းဖြူကို စားပေးလျှင် အရိုးကျည်းပေါင်းဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။ Sesbania grandiflora လို့ခေါ်တဲ့ ပေါက်ပန်းဖြူမှာ ပါဝင်ထားတဲ့ ဓါတ်တစ်မျိုးဟာ အရိုးကျည်းပေါင်း ဖြစ်စေနိုင်တဲ့ ဆဲလ်များကို ကာကွယ်ပေး တယ်လို့ ဆိုပါတယ်။
သင်သတိမထားမိဘဲ ကျောက်ကပ်ပျက်စီးရခြင်း အကြောင်းများ
ကျောက်ကပ်ပျက်စီးခြင်းကြောင့် မလိုအပ်ဘဲ အသက်အန္တရာယ် ဆုံးရှုံးမှု ဖြစ်စေပါတယ်။ ကျောက်ကပ်ပျက်စီး ခြင်းကြောင့် မလိုအပ်ပဲ အသက်အန္တရာယ်ဆုံးရှုံးမှုဟာ နှစ်စဉ်နှစ်တိုင်း ဆရာဝန်တွေ၊ သမားတော်တွေ ရင်ဆိုင် နေရတဲ့ အရာဖြစ်တယ်လို့ သိရပါတယ်။
သက်ရှည်ကျန်းမာစေမည့် မြင်းခွာရွက်သုပ်ဟင်းလျာ
မြင်းခွာရွက်ပင်လေးများ ပေါက်ရောက်ရာဇာစ်မြစ်ဟာ အိန္ဒိယနိုင်ငံဖြစ်တာကြောင့် သူ့ရဲ့အမည်ကို Indian Pennywort လို့ခေါ်ပါတယ်။ အရွက်ဟာ မြင်းခွာ ပုံသဏ္ဍာန်နှင့် ဆင်တူလို့ မြန်မာပြည်မှာတော့ မြင်းခွာရွက်ဟူ၍ အလွယ်ခေါ်ကြပါတယ်။
မြင်းခွာရွက်တို့ကို မြင်းခွာရွက်ရိုးရိုး၊ အညာမြင်းခွာ၊ ကုလားမြင်းခွာ၊ ဆေးမြင်းခွာဟူ၍ မြန်မာပြည်အနှံ့အပြားတွင် တွေ့မြင်နိုင်ပြီး အမျိုးအစား အားလုံးဆေးဖက် ၀င်ကြပါတယ်။ မြင်းခွာရွက်ရိုးရိုးနှင့် အညာမြင်းခွာတို့မှာ အရွယ်အစား ပုံစံဆင်တူပြီး ကုလားမြင်းခွာ၏ အရွက်မှာ အမွှေးရှိကာ၊ ဆေးမြင်းခွာကတော့ အရွယ်အစား အလွန် သေးငယ် ပါတယ်။
မြင်းခွာရွက်ရိုးရိုးကို ဟင်းချို၊ ဟင်းခါး၊ အသုပ်စသည်ဖြင့် နှုတ်မြိန်အရန်ဟင်းလျာအဖြစ် စားသုံးလေ့ရှိကြသလို၊ ရေစင်စင်ဆေးကာ ငါးပိရည်အတို့ အမြှုပ်အဖြစ် အစိမ်းလိုက်ဝါးစားကြပါတယ်။ သူ့ရဲ့ မဆိုသလောက်ဖန်ခါးတဲ့ အရသာလေးက ခံတွင်းရှင်းပြီး နှုတ်မြိန်စေပါတယ်။