
မျောက်ကျောက်ရောဂါ(monkeypox)ကူးစက်ပျံ့နှံမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ယနေ့ ကြေညာလိုက်သည်ယခုကဲ့သို့ ခွဲခြားသတ်မှတ်ခြင်းမှာ WHO မှ ထုတ်ပြန်နိုင်သည့် အမြင့်ဆုံး သတိပေးချက်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ရောဂါဖြစ်ပွားမှုများ မြင့်တက်လာမှုနောက်ဆက်တွဲဖြစ်သည်။
အဆိုပါကြေညာချက်မှာ WHO ၏ ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အရေးပေါ် ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။လက်ရှိတွင် နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၁၆၀၀၀ ကျော်ရှိကြောင်း WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဂီဘရီယေးဆပ် က ပြော ကြားသည်။




သည်အကန့်အသတ်ရှိသောကူးစက်ရောဂါဆိုင်ရာနှင့်ဓာတ်ခွဲခန်းအချက်အလက်များကြောင့် လျှော့တွက်ချက်မှု ဖြစ်နိုင်ဖွယ်ရှိသည်ဟု WHO က ပြောကြားခဲ့သည်။

