အလှအပနဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ လိမ္မော်သီးခွံ

၁။ ရေချိုး ဆပ်ပြာဆီ အမှုန့်ကြိတ်ထားသော လိမ္မော်ခွံ (သို့) လိမ္မော်ခွံခြောက် (သို့) လိမ္မော်ခွံ အဆီကို ရေထဲ ထည့်ချိုးခြင်းဖြင့် အသားအရေကို လန်းဆန်း စေပါတယ်။

၂။ လေသန့်စင်စေခြင်း လိမ္မော်ခွံခြောက် လက်တဆုပ်စာကို သစ်ကြံပိုးခေါက်၊ ဖာလာစေ့တို့ နှင့်အတူ ရေထဲ ထည့်ပြုတ်ပါ။ ထိုစူးရှ လန်းဆန်းတဲ့ အနံ့က နှစ်သက်ဖွယ် ကောင်းပါတယ်။ ထိုအရည် ကို အိမ်ပြတင်းပေါက်၊ တံခါး စသည့် နေရာများ တွင် သုတ်လိမ်းခြင်းဖြင့် လေကို သန့်စင်စေပါတယ်။

သင်မသိသေးတဲ့ ရှောက်သီးရဲ့ ကျန်းမာရေး အတွက်ရော အလှအပ အတွက်ပါ အသုံးဝင်တဲ့ အချက်များ

အများကြီးအထောက်အကူပြုတယ်ဆိုတာတော့ သိထားပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ သစ်သီးတွေများစွာထဲက မှာ ရှောက်သီးက ခန္ဓာကိုယ်အတွင်းပိုင်းရော၊ အပြင်ပိုင်းရောသာမကပဲ အသားအရေ ကျန်းမာလှပဖို့အတွက်လည်း အများကြီးအထောက်အကူပြုနေပါတယ်။ ရှောက်သီးကို သင့်ရဲ့နေ့စဉ်စားသောက်နေထိုင်တဲ့ အချိန်ဇယားထဲမှာ မပါမဖြစ်ထည့်ထားပေးလိုက်မယ် ဆိုရင်တော့ ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

သင့်မှာ ဒီလို ပြဿနာတွေ ရှိနေရင် ကြက်သွန်ဖြူကို မစားပါနဲ့

ကြက်သွန်ဖြူ အစိမ်းဟာ ရောဂါအမျိုးမျိုး ကုသဖို့အတွက် ရိုးရာ ဆေးအဖြစ် အသုံးပြုခဲ့ကြတာပါ။ သွေးတိုးတာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေးစီးဆင်းမှု လျှော့နည်းတာ တွေအတွက် အသုံးပြုခဲ့ကြတာပါ။ ကြက်သွန်ဖြူဟာ အကျိုးကျေးဇူးအများဆုံး အစားအစာတစ်မျိုးဖြစ်ပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွှတ်ဆုံး အစားအစြာ ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။

Green Tea ကို ၀ိတ်ချဖို့ ဘယ်လောက် သောက်ရမလဲ

Green Tea ဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အရာဖြစ်ပြီး ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက် လည်း အသုံးဝင်တဲ့ အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Green Tea ဟာ ကယ်လိုရီ မပါဘူး။ ဒါပေမယ့် ၀ိတ်ကျအောင် ဘယ်လို သောက်ရမလဲ ဆိုတာတော့ သိသူ နည်းပါတယ်။ တစ်နေကို ဘယ်နှခွက် သောက်ရမလဲဆိုတာ သိထားရင် ပိုအသုံးတည့်မယ် ထင်ပါတယ်။

တစ်နေ့ကို ကြက်ဥ ၂ လုံးစားခြင်းဖြင့် ခန္ဒာကိုယ် အစိတ်အပိုင်းတွေ ဘယ်လိုပြောင်းလဲလာမလဲ –

(1)ဦးနှောက်စွမ်းရည်တိုးတက်ခြင်း

ဦးနှောက်ဆဲလ်များကို ဆက်သွယ်စေသော ဖော်စဖိုလစ်ပစ်ခေါ်အဆီများတွင် Choline ဓာတ်ပါဝင်ပါတယ်။ ကြက်ဥမှာ ထိုCholineဓာတ်ပေါများစွာပါရှိပါတယ်။ ထိုဓာတ်နည်းပါးပါက မှတ်ဥာဏ် လျော့နည်းလာစေပါတယ်။

(2)အမြင်အာရုံကောင်းစေခြင်း

ကြက်ဥတွင်ပါဝင်သော Luteinဓာတ်က အမြင်အာရုံကို ကောင်းမွန်စေလို့ နေ့စဉ်ကြက်ဥပုံမှန်စားပါက မျက်စိ ဝေဒနာများ လျော့ပါးလာမှာပါ။

(3)အရိုးများအတွက်အာဟာရ

ကျောက်ကပ်ကို နံနံပင်နဲ့ ပြုလုပ်ထားတဲ့ သဘာဝဆေးနဲ့ ဆေးကြောမယ်

ကျောက်ကပ်က သွေးထဲရှိ အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားပေးပါတယ်။ တိုးတက်ဖွံ့ဖြိုးလာတဲ့အမျှ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေ ကျင့်သုံးလာတဲ့အတွက်ကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ အဆိပ် အတောက်တွေစုပြုံလာပါတယ်။ ဒါကြောင့် ဒီခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ လိုအပ်လာ ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ အဆိပ်အတောက်တွေများလာရင် ကျောက်ကပ် ပျက်စီးတာ တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သဘာဝနည်းဖြင့် ကျောက်ကပ်ကို ဆေးပေးဖို့လိုအပ်ပါတယ်။ နံနံပင်ကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေကို ဖယ်ရှားဖို့ အကောင်းဆုံးဘဲ ဖြစ်ပါတယ်။

သွေးလည်ပတ်မှု ကောင်းပီး ကိုယ်အလေးချိန်ကျဆင်းစေမယ့် မင်းကွတ်သီးရဲ့ အကျိုးကျေးဇူး

မင်းဂွတ်သီးမှာ  ဗီတာမင်၊ သတ္တုဓာတ်တွေဖြစ်တဲ့ ဗီတာမင် B1, C, Niacin, ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်တွေနဲ့တခြားသော အာဟာရဓာတ်တွေ အများကြီးပါဝင်နေပါတယ်။ ကြီးထွားမှု၊ ဖွံ့ဖြိုးမှု စတာတွေကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။

သွေးလည်ပတ်မှုကို မြှင့်တင်ပေး

မင်းဂွတ်သီးက သွေးလည်ပတ်မှုကိုအားကောင်းစေပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် ရင်ဘတ်အောင့်တာတွေ၊ နှလုံးအောင့်တာေ တွကို မဖြစ်အောင် ကာကွယ်ပေး ပါတယ်။

သခွားမွေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေပါတယ်

ဆား များများစားရင် သွေးဖိအား မြင့်တက်လာနိုင်

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ဆန် ဂျုံ စတာတွေ စားသုံးပေမဲ့၊ ဆားများများစားရင်တော့ သွေးဖိအား မြင့်တက်လာမှာဖြစ်တယ်လို့ လေ့လာချက် အသစ်တရပ်က ဖေါ်ပြပါတယ်။ သက်လတ်ပိုင်းအရွယ် လူ ၄၆၈၀ ကို လေ့လာချက်အရ အဆီအဆိမ့်နဲ့ အသားတွေ လျော့စားပြီး အသီးအနှံတွေ ပိုမိုစားသုံးပေမဲ့၊ ဆိုဒီယမ် ပမာဏ ပါဝင်မှုများတဲ့ အစာတွေကြောင့် သွေးဖိအား မြင့်တက်စေတယ်လို့ သိရပါတယ်။

အုန်းရည်သောက်သင့်တဲ့အချက် (၅) ချက်

 ဘာဝခွန်အားဖြည့် အချိုရည်လို့တောင် ခေါ်ဝေါ်နိုင်တဲ့ အုန်းရည်မှာ အစွမ်းသတ္တိတွေ အများကြီး ရှိနေတာကို သိပါသလား။ ခန္ဓာကိုယ်တွင်း လိုအပ်တဲ့ သကြားဓာတ်နဲ့ အခြားခွန်အားဖြည့်အစွမ်းတွေ ရှိနေပါတယ်။ အုန်းရည်ဆိုရင် အုန်းစိမ်းရည်ကို သောက်တာက ပိုပြီး အာနိသင်ရှိတယ်ဆိုတာလည်း မမေ့ပါနဲ့။ ဒါကြောင့် အုန်းရည်သောက်သင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရေဓာတ်ဖြည့်နိုင်

၂။ သွေးဖိအားမှန်စေ