ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ “စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၂)” သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Iskander Azizov အားလက်ခံတွေ့ဆုံ

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဥပဒေပညာရှင်အချို့နှင့်တွေ့ဆုံ

ဇူလိုင် ၉၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ နေ့လည် ၁၁၀၀ နာရီအချိန်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဥပဒေပညာရှင်အချို့နှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများ၊ အကြမ်းဖက်တိုက်ဖျက်မှုဆိုင်ရာ ဥပဒေများနှင့် နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များအား တက်ရောက်သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး နေ့လည် ၁၂၁၅ နာရီအချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ပါသည်။

Read more

မွမ်ဘိုင်းတွင် မိုးသည်း ထန်စွာသွန်းမှုကြောင့် လေကြောင်းခရီးစဉ် ၅၀ ကျော်ဖျက်သိမ်းရ

ဇွန် ၈
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် မိုးသဲထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများကြောင့် လေကြောင်းခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။
ဇူလိုင်လ ၇ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး စာသင်ကျောင်းများပိတ်ထားရသလို ရထားဝန်ဆောင်မှုများ လည်း ရပ်ဆိုင်းထားရကြောင်းသိရသည်။
မိုးလေဝသဌာနများက မိုးအသင့်အတင်မှ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းထုတ်ပြန်ထားပြီး အဝါရောင်အဆင့် သတိပေးချက်ကိုလည်း ထုတ်ပြန်ထားသည်။

+++++++++++++++++

Read more