ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇေယျာသိရီမြို့နယ် စည်ပင်ကြီးကျေးရွာ အိမ်ထောင်စု (၅၀၀)အတွက် ထောက်ပံ့မှုများပြုလုပ်

 

Read more

ရှီဂဲရူအီရှိဘာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရ

ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရှီဂဲရူအီရှိဘာ က အောက်တိုဘာလ ၁ ရက် တွင် ပြုလုပ်တဲ့ လွှတ်တော်နှစ်ရပ်မဲခွဲဆုံးဖြတ်မှု၌ ထောက်ခံမဲအများဆုံး ရရှိကာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရကြောင်း သိရသည်။

ထို့နောက် ရှီဂဲရူ အီရှီဘာ က အဖွဲ့ဝင် ၁၉ ဦးပါဝင်သော လျာထားအစိုးရအဖွဲ့ကို ထုတ်ပြန်သည်။ ၎င်းတို့ထဲတွင် ၁၃ ဦးက အသစ်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ ယခင်အစိုးရလက်ထက်တွင် ခန့်အပ်ခံရသူများဖြစ်ကာ လေးဦးမှာ ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဖူးသူများ ဖြစ်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တပ်ကုန်းမြို့နယ် မကျီးပင်အုပ်စု အိမ်ထောင်စု ၅၀၀ အတွက် ထောက်ပံ့မှုများပြုလုပ်

Read more

နေပြည်တော် ပြည်ထောင်စုနယ်​မြေ ဇေယျာသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်

နေပြည်တော် အောက်တိုဘာ ၁
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ၊ညောင်ပင်ကြီး ဘုန်းတော်ကြီးကျောင်းတိုက်တွင် ရေဘေးသင့်ခံခဲ့ရသော ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေဘေးကြောင့်ဖြစ်တတ်သော ၀မ်းပျက်ဝမ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ၊ ကလေးသူငယ်များ အဖြစ်များသည့်သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီ ဆေးအဖွဲ့မှ ဆရာဝန်များ၊သူနာပြုများက ကုသပေးခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လိုက်ပါကူညီဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Read more

စာချုပ်ပါစည်းကမ်းချက်များချိုးဖောက်ခံနေရကာ မြန်မာ MoU အလုပ်သမားများအခက်တွေ့နေ

MoU စာချုပ်ပါစည်းကမ်းချက်များ ချိုးဖောက်ခံနေရတာကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ MoU အလုပ်သမား ၂၇၃ ဦး အခက်အခဲများ ကြုံတွေ့နေရတယ်လို့ မြန်မာအလုပ်သမားမဟာမိတ်အဖွဲ (WAG)ကနေ သိရပါတယ်။

Read more

မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံရမည်ကို စိုးရိမ်မှုမရှိကြောင်း တန်ဟတ် ပြော

တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ စပါးကို (၃-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် သူ့အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်မှုမရှိဘူးလို့ မန်ယူနည်းပြအဲရစ်တန်ဟတ်က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီရှုံးပွဲကြောင့် မန်ယူနည်းပြတန်ဟတ်အပါ် ဖိအားတွေတိုးမြှင့်လာမှာသေချာပါတယ်။ မန်ယူအသင်းဟာ ယခုရာသီ(၈)ပွဲကစားအပြီးမှာ (၃)ပွဲသာအနိုင်ရခဲ့ပါတယ်။ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က မန်ယူအသင်းရဲ့စွမ်းဆောင်ရည်မှာ မနှစ်မြို့စရာလို့ ဝေဖန်ခဲ့ပါတယ်။ Sky Sports ရဲ့အစီအစဉ်တင်ဆက်သူ ရက်နက်က ဒီခြေစွမ်းဟာ နည်းပြတွေကို ထုတ်ပယ်တဲ့လုပ်ရပ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနည်းပြတန်ဟတ်ကတော့ သူ့အနေနဲ့ရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်မှုမရှိဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Read more