မိမိတို့ကို ထိပါးမလာလျှင် နျူကလီးယားလက်နက် မသုံးဟု ကင်မ်ဂျုံအန်းဆို

မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးမလာလျှင် နျူကလီးယားလက်နက်များကို ထုတ်သုံးမည် မဟုတ်ဟု ကင်မ်ဂျုံအန်းက ပြောကြားလိုက်သည်။

မြောက်ကိုရီးယား အစိုးရသတင်းဌာနက နိုင်ငံခေါင်းဆောင်သည် ကျင်းပခဲ့သည့် အာဏာရပါတီ ညီလာခံတွင် ယခုလို ပြောဆိုသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် နိုင်ငံတကာ သဘောတူညီမှုကို ဆန့်ကျင်ပြီး ၂၀၀၆ ခုနှစ်တွင် ပထမဆုံးသော နျူကလီးယား လက်နက်အဆင့် ဖျက်အားပြင်း လက်နက်ကို စမ်းသပ်ခဲ့သည်။

Read more

ဖိလစ်ပိုင် ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုများ စတင်

ရွေးကောက်ပွဲဝင် ဖိလစ်ပိုင်သမ္မတလောင်း (၅) ဦး

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေကို ယနေ့ (မေလ ၉ ရက်) မှာ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မဲရုံတွေကို နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ကြောင်း ဖိလစ်ပိုင် ရွေးကောက်ပွဲ တာဝန်ရှိ သူတွေက ပြောပါတယ်။

Read more

ရခိုင်ပြည်နယ်/ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် ပါတီနာယကများ၊ ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ကော်မတီများ၊ ခရိုင်ပါတီဥက္ကဋ္ဌများ တွေ့ဆုံပွဲကို မေလ (၆) ရက် နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီအရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီနာယက ဦးမောင်မောင်အုန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေ (ဗဟို ကော်မတီဝင်)မှ တွေ့ဆုံပွဲခေါ်ယူရ ခြင်းနှင့် ပတ်သက်၍ ရှင်လင်းပြောကြားခဲ့သည်။

Read more

နယ်စပ်အနီး ချီလီစစ်စခန်း တည်ဆောက်မှုကို ဘိုလီးဗီးယား သမ္မတ ကန့်ကွက်

ဘိုလီးဗီးယား သမ္မတ အီဗို မိုရာလက်စ်

နှစ်နိုင်ငံနယ်စပ်အနီး စစ်စခန်း တည်ဆောက်ခဲ့သည့် ချီလီ၏လုပ်ရပ်ကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မိမိတို့ယူဆ ကြောင်း ဘိုလီးဗီးယားသမ္မတ အီဗိုမိုရာလက်စ်က ပြောကြားခဲ့သည်။

မေ ၈ ရက်တွင် မိုရာလက်စ်က ချီလီအနေဖြင့် နှစ်နိုင်ငံပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် ဆီလာလာမြစ်နှင့် ၉ မိုင်အကွာတွင် စစ်စခန်းတစ်ခုကို တည်ဆောက်ထားကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ယင်းသည် နိုင်ငံအချင်းချင်း နယ်စပ်များနှင့် မိုင် ၃၀ အတောအတွင်း စစ်စခန်းများဆောက်လုပ်ခြင်းမပြုရန် နိုင်ငံတကာသဘောတူညီမှုကို ဆန့်ကျင်နေကြောင်းလည်း ၎င်းက ဆိုသည်။

Read more

စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသာအေးမြို့နယ် ပါတီဥက္ကဋ္ဌ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသာအေးသည် တွဲဖက် အတွင်းရေးမှူး ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်ဇော်ဦး၊ ရွှေဘိုခရိုင် တာဝန်ခံ ဦးသန်းထွန်း၊ ခရိုင် အတွင်းရေးမှူး ဦးမြတ်မျိုးညွန့်တို့ လိုက်ပါ၍ ဒီပဲယင်း၊ ရေဦး၊ တန့် ဆည်၊ ခင်ဦးမြို့နယ် ပါတီခန်းမ၌ မေလ (၇) ရက် ညနေ (၄) နာရီခွဲက တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

Read more

ဒဂုံဆိပ်ကမ်းပြည်ခိုင်ဖြိုး အကြိုရွေးချယ်ညှိနှိုင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြိုရွေးချယ်ညှိနှိုင်းပွဲနှင့် မြို့နယ်ပါတီညီလာခံ ကျင်းပရေး အစည်းအဝေးကို မေလ (၈) ရက် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊  ဦးသိန်းကျော်အောင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်အမာခံပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဉ်များနှင့် ပက်သတ်၍ အသေးစိတ်လမ်းညွှန်ဆောင်ရွက်ခဲ့ကြပါသည်။

Read more

မုဒုံမြို့နယ်ပြည်ခိုင်ဖြိုး လပတ်အစည်းအဝေးပြုလုပ်

Mudon Thar3

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မေ(၈) ရက်နေ့၊ နံနက်(၁၁) နာရီချိန်က မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင် နှင့် ရပ်/ကျေး စည်းမှူးများ တွေ့ဆုံ၍ လပတ်အစည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်မှ ပြည်နယ်ပါတီ လမ်းညွှန်ချက်များ၊ ပါတီရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင် ရွက်ရန် ကိစ္စရပ်များကို တက်ရောက်လာကြသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မေလ (၆) ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရာ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ စုစုပေါင်း (၆ဝ) တက်ရောက်ခဲ့ကြသည်။

Read more

မူလတန်းပြမှ အလယ်တန်းပြအတွက် ရာထူးတိုးစာမေးပွဲကိစ္စ တရားဝင်စာမထွက်သဖြင့် အခက်တွေ့နေ

IMG_1054

အခြေခံပညာကျောင်းများရှိ မူလတန်းပြဆရာများ အလယ်တန်းပြလျှောက်ထားပါက ရာထူးတိုးစာမေးပွဲ ဖြေဆိုရန် မလိုတော့ကြောင်း နှုတ်ဖြင့်ဖြေကြားခဲ့သော်လည်း တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသေးသည့် အတွက် ရာထူးတိုးလျှောက်မည့် ဆရာများအကြား အငြင်းပွားဖွယ် ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသုတက ပြောကြားသည်။

Read more

Microsoft Windows 10 ကို ထုတ်ကုန် သန်း ၃၀၀ ပေါ်တွင် အသုံးပြုလျက်ရှိ

fd-how-to-stream-xbox-games-to-a-windows-10-pc

ကမ္ဘာတစ်ဝန်းတွင် Windows 10 ကို အသုံးပြုသည့် ထုတ်ကုန်အရေအတွက် သန်း ၃၀၀ ရှိလာကြောင်း Microsoft မှ ကြေညာခဲ့သည်။ အဆိုပါအရေအတွက်တွင် ကွန်ပျူတာများ၊ ဖုန်းများနှင့် Xbox One တို့ပါဝင်သည်။ ထို့အပြင် Microsoft သည် Edge browser ကို အသုံးပြုသည့် မိနစ်များနှင့် Cortana အသုံးပြုမှုနှုန်းတို့ အပါအဝင် Windows 10 သုံးစွဲမှု အချက်အလက်အချို့ကို ထုတ်ပြန်ခဲ့သည်။

Read more