Chatriumဟိုတယ်မှ စာသင် ကျောင်းဆောင်သစ်များ ထပ်မံတည်ဆောက်ပေးရန်စီစဉ်

ytrg

Chatriumဟိုတယ်မှ ရွှေပြည်သာမြို့နယ် န၀ရတ်လမ်းရှိ နဝရတ် ဘုန်ကြီးတော်ကြီးသင် ပရဟိကျောင်း ပညာရေးအတွက် စာသင်ကျောင်းဆောင်သစ်များ ထပ်မံ တည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက် နေကြောင်း Chatrium ဟိုတယ်မှ Marketing Communication လက်ထောက် ဒါရိုက်တာဖြစ်သူ ဒေါ်သင်ဇာမြတ်မွန်က ပြောကြားသည်။

Read more

မြန်မာသီလဝါ အစုရှယ်ယာ ရန်ကုန်စတော့အိတ်ချိန်းတွင် စတင်ရောင်းဝယ်နိုင်မည်

_MG_6321_preview

စီးပွားရေးဇုံ အများပိုင်ကုမ္ပဏီ (MTSH) ၏ အစုရှယ်ယာများကို  မေ ၂၀ရက် ဈေးကွက်စဖွင့် သည့် အချိန်မှ စ၍ ရန်ကုန်စတော့အိတ်ချိန်းတွင် စတင်ရောင်းဝယ် နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာသီလ၀ါ အထူးစီးပွားရေးဇုံ ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့သည့် အများပိုင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး မတူညီသည့်စီးပွာရေး ကဏ္ဍအသီးသီးမှ အများပိုင်ကုမ္ပဏီကြီး (၉) ခုမှကနဦး မတည်တည် ထောင်သူများ အဖြစ် ပါဝင်တည်ထောင်ထားသော ကုမ္ပဏီ အစုအဖွဲ့ တစ်ခုဖြစ်သည်။

Read more

နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဘင်္ဂလားဒေ့ရှ်သံအမတ် ရခိုင်ပြည်နယ်အစိုးရနှင့် လာရောက်ဆွေးနွေး

13081804_1136480829709399_320826700_n

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်သံအမတ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်လာရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား ဒေ့ရှ်သံအမတ် Moham Sufiur Rahman နှင့် အဖွဲ့သည် မေလ ၇ရက်တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့်တွေ့ဆုံ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ဈေးကွက် ရရှိနေပြီဖြစ်သော ရခိုင်ပြည်နယ် ထွက်ကုန် ပစ္စည်းများ ကို တိုးမြှင့်ပို့ဆောင်ပေးရန်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတိုးမြှင့် ဆောင်ရွက်ရေးတို့အတွက် ဆွေးနွေး ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

Read more

PEN Myanmar ရုံးခန်းဖွင့်ပွဲနှင့် ဇာတ်ညွှန်းရေးနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

13133143_993148977389134_7775257089494943279_n

ဇာတ်ညွှန်းရေးနည်းသင်တန်းကို PEN Myanmar နှင့် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်တို့က ပူးတွဲဖွင့်လှစ် ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်း ကာလ ၃လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်း တက်ရောက်သူသင်တန်းသား၊ သင်တန်းသူများထံမှ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင် နိုင်မည့် ဇာတ်ညွှန်းကောင်းအနည်းဆုံး ၃ခု ရရှိနိုင်ရန်နှင့် ၂၀၂၀ခုနှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်၌ မြန်မာနိုင်ငံမှ ရေးသားသည့် ဇာတ်ညွှန်းကို နိုင်ငံတကာနှင့် ပူးပေါင်းရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ကားကို တင်ဆက်ပြသသည့်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ပြောသည်။

Read more

တွဲဖက်အထွေထွေအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ နှင့် တွေ့ဆုံ

U Thet Naing Win1

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း သည် မေလ (၅) ရက်နေ့ နေ့လည် (၁) နာရီအချိန်က ထားဝယ်မြို့နယ် တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီတည်ဆောက်ရေးလုပ်ငန်းစဉ်များအား အကျယ်တ၀င့် ရှင်းလင်းမှာကြားခဲ့သည်။

Read more

Social Media on Job Training ဆင့်ပွားသင်တန်း မြစ်ကြီးနားမြို့နယ်တွင် ဖွင့်လှစ်

Thu2

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ဖွင့်လှစ် သည့် Social Media on job Training ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ ( မေလ ၆ ရက်) နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Read more

ပြည်နယ်ပါတီဥက္ကဋ္ဌ သထုံခရိုင်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

13103331_1721566928131116_2132531736793811176_n

မွန်ပြည်နယ် သထုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မေလ (၅)ရက်နေ့ နံနက် (၁၀)နာရီချိန်က ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအုန်းမြင့် နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ မြို့နယ်(၄) မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ မှ မိမိပါတီ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြသည်။

Read more

ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

HPS1

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်အလုပ်အမှုဆောင် ဒေါ်တင်မေထွန်း၊ မကာဟိုခမ်းရပ်ကွက် စည်းရုံးရေးမှူး ဦးစိုးကျော်အောင်၊ ရန်အောင်မြေ (ပါလျံ-၁)စည်းရုံးရေးမှူး ဦးဘိုဘိုမောင် တို့သည် မေလ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်က တာလေမြို့နယ်ခွဲသို့ သွားရောက်၍ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်လတ်နှင့် ကျေးရွာ စည်းရုံးရေးမှူးများအား တွေ့ဆုံကာ ပါတီရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

ထိုင်းနိုင်ငံက ပုဂံသို့ တိုက်ရိုက်လေယာဉ်ပျံသန်းရန် ကြိုးစားနေ

Bagan_%20%20%20745_preview

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားရာ ပုဂံဒေသသို့ တိုက်ရိုက် လေယာဉ် ပျံသန်း ပြေးဆွဲနိုင်ရေးကို ထိုင်းနိုင်ငံအနေဖြင့် ကြိုးစားလျက်ရှိကြောင်း အစိုးရတာဝန်ရှိသူ တစ်ဦးက မေ ၄ ရက်တွင် ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ ရှေးဟောင်း ဘုရားစေတီဂူပုထိုးများ ၂၂၀၀ နီးပါး တည်ရှိသည့် ပုဂံဒေသသို့ တိုက်ရိုက် လေကြောင်းလမ်းကြောင်းသစ် ပြေးဆွဲနိုင်ရေးကို မကြာမီက ကျင်းပခဲ့သည့် ကက်ဘိနက် အစည်းအဝေး၌ ခရီးသွား လုပ်ငန်းနှင့် အားကစားဝန်ကြီး ကော့ကန်းဝတ်တာနာ့ရန်ဂကူက အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

Read more

Net Neutrality ကို အင်တာနက်အသုံးပြုသူများ နားလည်မှုနည်းပါးနေသည် ဟုဆို

13173703_1306567106025481_1387725139638316699_n

Net Neutrality ပတ်သက်၍ အင်တာနက် အသုံးပြုသူများအကြား နားလည်မှု နည်းပါးနေကြပြီး Zero Rating အဖြစ် အခကြေးငွေ ပေးစရာမလိုအပ်သော ဝက်ဘ်ဆိုက်များမှာလည်း စွန့်ဦးတီထွင်လိုသူများ အတွက် ဈေးကွက်ဝင်ရောက် ရန် အခက်အခဲ ဖြစ်ပွားစေသည်ဟု MIDO မှ မရတနာက ပြောသည်။ “ဥပမာ Facebook ကို အလကားသုံးလို့ရမယ်။ မြန်မာနိုင်ငံက Developer တစ်ယောက်က Facebook လို ဟာမျိုးတစ်ခု ထွင်မယ်။ ပိုကောင်းမယ်။ ဒါပေမဲ့ အလကားမရတဲ့ အတွက် လူတွေက အလကားရတာကိုပဲ သုံးကြမယ်။ ဒီဘက်က တီထွင်ရေးသားသူက ဆုံးရှုံးမှုတွေ ဖြစ်သွားရော။ ဈေးကွက်ထဲဝင်တိုးလို့ မရတော့ ဘူး” ဟု မရတနာက ဆိုသည်။

Read more