မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးကို ယခုလ (၉) ရက် နံနက် (၁ဝ) နာရီတွင် တိုင်းဒေသကြီး ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ မောင်မောင်ဌေး၊ ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် ကော်မတီဝင်များ၊ မကွေးခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ မကွေးမြို့နယ်ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၅ဝ) စုံညီစွာ တက်ရောက်ကြသည်။

72227087-11062016

(more…)


Read more

နေမာကို ပေါင် ၁၅၃ သန်းဖြင့် ခေါ်ယူရန် ပီအက်စ်ဂျီ ကြိုးပမ်းနေ

neymar-ps-1

ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား မက်ဆီကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ပေါင် ၁၅၃ သန်းအထိ အကုန်အကျခံပြီးခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းက နေမာကို ချုပ်ဆိုထားတဲ့ စာချုပ်သဘောတူညီ ချက်အရ ဒီကစားသမားကို ခေါ်ယူချင်တဲ့အသင်းက ပေါင် ၁၅၃ သန်းခန့် ပေးရမှာ ဖြစ်ပါတယ်။

Read more

နွားထိုးကြီးပြည်ခိုင်ဖြိုးပါတီ မြို့နယ်အဆင့် မျက်နှာစုံညီ ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုနှင့် အောက်ခြေပါတီ မျက်နှာစုံညီအစည်းအဝေးများ မေလဆန်းမှ စတင်ကျင်းပ နေရာ ယခုအခါကျေးရွာ၊ ရပ်ကွက် (၇၂) အုပ်စု၌ ပြီးစီးနေပြီဟု မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်ဝင်းက ပြောသည်။

မြို့နယ်အဆင့်မျက်နှာစုံညီအစည်းအဝေးကို ယခုလအတွင်း ကျင်းပနိုင်ရန်စီစဉ်နေပြီး ကျေးရွာ၊ ရပ်ကွက်မှ ပါတီကိုယ်စားလှယ် (၇၂) အုပ်စုမှ နှစ်ဦးစီ ပါတီဝင် (၁၄၄) ဦး တက်ရောက် ကြမည်ဟု သိရသည်။

Read more

ရုရှားနှင့် သရေကျခြင်းသည် ရှုံးနိမ့်သလို ခံစားရဟု ရွန်းနေ ပြောကြား

352A601100000578-0-image-a-2_1465676777607fw

ပါရီ – မာဆေးမြို့၌ နည်းပြ လီယိုနစ်ဆလပ်စကီး၏ ရုရှားအသင်းက နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် တစ်ဂိုးစီ သရေ ရလဒ်ရယူနိုင်ပြီးနောက် အင်္ဂလန်အသင်း ခေါင်းဆောင် ရွန်းနေက ရုရှားကို အင်္ဂလန်သရေကျခဲ့ခြင်းသည် ရှုံးနိမ့်ခဲ့ ရသလို ခံစားရသည်ဟုပြောကြားသည်။

အင်္ဂလန်က အဲရစ်ဒိုင်ယာ၏ အလွတ်တည်ကန်ဘောမှ တစ်ဆင့် သွင်းယူသော ဂိုးဖြင့်ပွဲပြီး ဆုံးတော့မည့် အခြေအနေတွင် နာကျင်အချိန်ပို၌ ရုရှားအတွက် ချေပဂိုးကို ဗာဆီလီဘရီဇူစကီက သွင်းယူခဲ့သဖြင့် တစ်ဂိုးစီ သရေ ကျသွားသည်။

Read more

ဇလွန်မြို့ ပြည်ခိုင်ဖြိုးပါတီ ရွှေမြန်မာလူငယ်ဖွံ့ဖြိုးရေးစင်တာ ကွန်ပျူတာ သင်တန်းဆင်း

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရွှေမြန်မာ လူငယ် ဖွံ့ဖြိုးရေးစင်တာ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက် မွန်းလွဲပိုင်းက ဒေါင့်ကြီးတိုက်နယ် တောင်ပို့တရားဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ခဲ့သည်။

Read more

မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ဖွဲ့စည်းရေး

တောင်ငူခရိုင် တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကို (၁၀ – ၆ – ၂၀၁၆ ) နံနက် ၁၀ နာရီ တွင် စတင်ကျင်းပ ခဲ့ပါသည် ။
အခမ်းအနားကို တိုင်းပါတီကော်မတီဝင်များ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ပါတီကော်မတီဝင် များနှင့် ရပ်ကွက် ကျေးရွာ များက ပါတီ ခေါင်းဆောင် ( ပ / ဒု ) များ အပါအဝင် ၁၇၀ဦး တက်ရောက်ခဲ့ပါသည် ။

Read more

ရုရှားနှင့် အင်္ဂလန်ပရိသတ်များ ခိုက်ရန်ဖြစ်ပွား၊ အင်္ဂလန်ပရိသတ်တစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ

Football Soccer - England v Russia - EURO 2016 - Group B - Stade Vélodrome, Marseille, France - 11/6/16 England fans try to escape trouble in the stadium at full time REUTERS/Eddie Keogh Livepic

ဘောလုံးအားကစားအတွက် ရှက်ဖွယ်လိလိဖြစ်စေခဲ့သော ဖြစ်ရပ်၌ ပြင်သစ်နိုင်ငံ မာဆေးမြို့တွင် ရုရှားနှင့် အင်္ဂလန် ဘောလုံး ပရိသတ်များ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး အင်္ဂလန်ပရိသတ် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရသည်။

အင်္ဂလန်နှင့် ရုရှားပွဲ မတိုင်မီ နှစ်ဖက်ပရိသတ်ကြား အကြိမ်ကြိမ် ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် ပြင်သစ် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြု ဖြိုခွင်းခဲ့သည်။ အင်္ဂလန်ပရိသတ်တစ်ဦး သည် စိုးရိမ်ရသော အခြေအနေရှိသည်ဟု ဒေသခံရဲအရာရှိ လော ရင့်နူနက်စ်က ပြောသည်။

Read more

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ကန်ဒေါ်လာတစ်သိန်း K-Pop Music Concert ပြန်လည်ပေးအပ်လှူဒါန်းခဲ့

နာမည်ကျော် SISTER အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့သည့် Inno City Love Sharing Concert ဖျော်ဖြေပွဲကြီးကို ဇွန် ၁၁ ရက် ညနေ ၆ နာရီက ရှင်စောပုလမ်းရှိ Myanmar Event Part တွင် ကျင်းပခဲ့ရာ ဖျော်ဖြေပွဲမှရရှိလာသည့် အလှူငွေများထဲမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း လူမှုကရုဏာအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်း ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ K-Pop Music Concert တွင် SISTER,MONSTAX,BADKIZ ၊ ကိုရီးယားရော့ခ်အဆိုတော် So Chan Whee, A Pera Team တို့က မြူးကြွသည့် တေးသီချင်းမျိုးစုံ၊ ကကွက်ဆန်းများဖြင့် သီဆိုဖျော်ဖြေခဲ့ရာ ကြည့်ရှုသူများပြားခဲ့ကြောင်း သိရသည်။

Read more

လူနည်းစုများအား သတ်ဖြတ်နေခြင်းများ အဆုံးသတ်ရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် သံန္ဒိဌာန်ချ

Bingalardis

ဒါကာ၊ ဇွန် ၁၃

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော လူနည်းစုများနှင့် ဘာသာရေးဝေဖန်ဆန်းစစ်သူများအပေါ် ပစ်မှတ်ထားကာ သတ်ဖြတ်နေခြင်းများ အဆုံးသတ်ရေး အတွက် ဝန်ကြီးချုပ် ရှိတ်ဟာစီနီက သံန္ဒိဌာန် ချမှတ်ထားသည်။

သူမ၏ အစိုးရအနေဖြင့် ထိုသို့သော တိုက်ခိုက်မှုများ ရပ်တန့်သွားရအောင် မည်သို့ပဲလုပ်ဆောင်ရ လုပ်ဆောင်ရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟာစီနီက ပြောသည်။

Read more

ကုလအတွင်းရေးမှူးချုပ်အဖြစ် အမျိုးသမီးတဦးကို ရွေးချယ်နိုင်ဖွယ်ရှိ

1516196496146

ကုလအတွင်းရေးမှူးချုပ်အဖြစ် အမျိုးသမီးတဦးကို ရွေးချယ်နိုင်ဖွယ်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း တာဝန်က အနားယူရင် သူ့နေရာအတွက် အသစ်ခန့်အပ်မယ့် သူဟာ အမျိုးသမီးတယောက် ဖြစ်နိုင်ပြီး ဒီအထဲမှာ အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး Susana Malcorra ဖြစ်နိုင်ချေ ရှိတယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။

Read more