အော်လန်ဒိုမြို့ဖျော်ဖြေပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အဆိုတော်ခရစ္စတီးနားဂရင်မီ သေဆုံး

အမေရိကန်အဆို တော် ခရစ္စတီးနားဂရင်မီသည် ဇွန်လ ၁၀ ရက်တွင် ဖလော်ရီဒါ ပြည်နယ် အော်လန်ဒိုမြို့ ဖျော်ဖြေ ပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ၎င်း၏ ပြော ရေးဆိုခွင့်ရသူက ပြောကြား သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ နတ်မှော်ကျေးရွာအုပ်စု ကျုံတွမ်ရွာနှင့် ပြာကတတ် ကျေးရွာများမှ ရပ်မိရပ်ဖများ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

P1040059

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး သည် ယခုလ (၈) ရက် နံနက် (၁ဝ) နာရီက ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးနှင့် အလုပ်အမှု ဆောင်များနှင့်အတူ ဟင်္သာတမြို့ နတ်မှော်တိလောကဥသျှောင် ရှင် သာလျောင်းဘုရားကြီးသို့ရောက်ပြီး ဘုရားကြီးအား သွားရောက်ဖူး မြော်ကြည်ညိုကြသည်။ ၄င်းနောက် နတ်မှော်ကျေးရွာအုပ်စု ကျုံတွမ် ရွာနှင့် ပြာကတတ်ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ရပ်/ကျေးစည်းရုံး ရေးမှူးများနှင့်တွေ့ဆုံသည်။ (more…)


Read more

ပြည်ခိုင်ဖြိုပါတီဥက္ကဌဦးသိန်းစိန် ပုသိမ်မြို့ရွှေမုဋ္ဌောစေတီတော်သို့ သွားရောက်ဖူးမျှော်

13434701_548422678671071_6381486357571605354_n 13394104_548422698671069_7286541215509874534_n

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် ပါတီဗဟိုကော်မတီဝင်များသည် ဇွန်လ (၁၃) ရက်နေ့ ညနေ (၆) နာရီခွဲအချိန်က ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်သို့ သွားရောက်ဖူးမြော်၍ ဆီးမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။ခဲ့ကြောင်း သိရသည်။

(more…)


Read more

ကျိုက်မရောမြို့နယ်ပြည်ခိုင်ဖြိုး လပတ်ပုံမှန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် ညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၁) နာရီချိန်မှ မွန်းတည့်(၁၂) နာရီချိန်ထိ မြို့နယ် ပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

Read more

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဒေသ အတွင်း ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များကို အစဉ်တစိုက်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။

Read more

မြို့နယ်မျက်နှာစုံညီ အစည်းအဝေးကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းအဆင့်စုံညီအစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်မြို့ရှိတိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါညှိနှိုင်းပွဲသို့ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့မှ ကော်မတီဝင်များ၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ အတွင်းရေးမှူးများ စုံညီ စွာတက်ရောက်ခဲ့ပြီး မြို့နယ်မျက်နှာစုံညီအစည်းအဝေးကျင်းပနိုင်ရေး အတွက် တိုင်းအဆင့် စုံညီအစည်းအဝေးကို ကျင်းပခဲ့ကြောင်းသိရ သည်။

သူရအောင်(ပြည်)

Read more

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ ပြန်လည် ရွေးချယ်ပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ပါတီကျစ်လျစ် ခိုင်မာပြီး အင်အားပိုမို တောင့်တင်းခိုင်မာစေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသား များအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်သည့်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ပါတီဖြစ်စေရန် အတွက် ရည်ရွယ်၍ မြို့နယ်ကော်မတီဝင်များ ပြန်လည်ရွေးချယ် ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ပဲခူးခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်စိုး ကပြောသည်။

Read more

ယခင်သမ္မတဦးသိန်းစိန် လက်ထက်တွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး ညွှန်းကိန်းတိုးတက်လာ

စီးပွားရေးနှင့်ငြိမ်းချမ်းရေး အဖွဲ့အစည်း(The Institute for Economic and Peace) ထုတ်ပြန် ကြေညာချက် အရ ၂ဝ၁၆ ခုနှစ် အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်း ကိန်း(2016 Global Peace Index) တွင် မြန်မာနိုင်ငံက အဆင့် ၁၁၅ ဖြင့် ရပ်တည်ခဲ့သည်။

Read more

ရပ်ကွက် ကျေးရွာအဆင့်ဆင့် ပြန်လည်ရွေးချယ် ပြီးစီးသည့်ပြည်ခိုင်ဖြိုးပါတီဝင်များ ကတိသစ္စာပြု

ရန်ကုန်တိုင်းဒေသကြီးရန်ကုန် (အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်၊ ကျေးရွာပါတီအဆင့်ဆင့် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကို မြို့ နယ်အတွင်း မေ ၇ ရက်မှစတင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မေ ၃၁ ရက်တွင် ရပ်ကွက်နှင့်ကျေးရွာ ၃၂ခု လုံး ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

Read more

သံတွဲခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

TT7 TT6

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များသည် ဇွန်လ (၁၂) ရက် မွန်းတည့် (၁၂) နာရီအချိန်က ရွေလှေကျေးရွာ အုပ်စုနှင့် အောက်နတ်မော် ကျေးရွာအုပ်စုများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား သောက်ရေသန့်များ သွားရောက်လှူဒါန်း၍ ရွှေလှေတိုက်နယ်ဆေးရုံးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စဓဗဝ

Read more