Author: USDP 2016
Weibo ရုပ်ရှင်ဆုရရှိခဲ့တဲ့ သရုပ်ဆောင် လီမင်းဟို
တောင်ကိုရီးယား သရုပ်ဆောင် လီမင်းဟိုသည် လူမှုကွန်ရက် မီဒီယာ Weibo က ကျင်းပသည့် ရုပ်ရှင်ဆုပေးပွဲတစ်တွင် အာရှရုပ်ရှင်လုပ်ငန်း၌ အလွှမ်းမိုးနိုင်ဆုံး ဆုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း သူ၏ အေဂျင်စီက ဇွန် (၁၅) တွင် ပြောကြားသည်။ ဇွန် ၁၃ ညတွင် ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် Weibo ရုပ်ရှင်ဆုပေးပွဲတွင် အာရှရုပ်ရှင် ဦးဆောင်လမ်းပြသူအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

Read more
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးသိန်းစိန်နှင့်ဇနီးတို့ ဘုရားဆင်းတုတော် (၅၀၀ )ဆူကို မိတ္ထီလာတွင် လှူဒါန်း
မိတ္ထီလာမြို့နယ် ဇွန်လ (၁၆)ရက်နေ့တွင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းမိသားစု မိတ္ထီလာမြို့အသောကာရုံရေလည်ကျောင်းတိုက်
ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
သိမ်တောင်နိကာယာဓိပတိဆရာတော်ဘုရားကြီး၏
သက်တော် (၈၇)နှစ်မြောက်မွေးနေ့အလှူတော်မင်္ဂလာအဖြစ်
ယနေ့နံနက်က သံဃာတော်ပါး( ၅၀၀) ကို
ဆွမ်းတော်ကြီးလောင်းလှူခဲ့သည့်အပြင် ဘုရားဆင်းတုတော် ၅၀၀ ဆူကို
ကိုယ်တိုင် ပေးအပ်လှူဒါန်းခဲ့သည်။
ဓါတ်ပုံ-U Ohn Myint
Read more
အစိုးရသစ်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်များ ပြန်လည်ရွေးချယ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့ ကျင်းပနိုင်ရေး ဦးဆောင်တာဝန်ယူရမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်ပြီး ဖြစ်သည်ဟု UPDJC ၏ နိုင်ငံရေးပါတီအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီဥက္ကဋ္ဌ ဦးသုဝေက ဇွန် (၁၄) ရက်တွင် ပြောကြားသည်။

မေ ၂၇ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေးကို တွေ့ရစဉ်
Read more
ကျောက်တံခါးမြို့နယ်ပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေး
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ကျောက်တံခါးမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီနာယက၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း) ဦးသိန်းဆွေမှ အမှာစကား ပြောကြား၍ ခရိုင်ပါတီ အတွင်းရေမှူး ဦးအောင်စိုးက လုပ်ငန်းလမ်းညွှန်ချက် များ ပြောကြားခဲ့သည်။
Read moreပေါင်းတည်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Read moreမိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၅) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦးမှ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ ကျောက်မဲခရိုင် ပါတီအတွင်းရေးမှူး ဦးဝင်းမြင့် နှင့်ခရိုင်ပါတီကော်မတီဝင် ဦးဇော်ဦး နှင့် မြို့နယ်ပါတီနာယကများ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် ကော်မတီဝင်များ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။










